ဂါဇာကိုဖြတ်တဲ့ ရာဖာနယ်စပ် အီဂျစ် ဖွင့်ပေးမယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂါဇာကိုဖြတ်တဲ့ ရာဖာနယ်စပ် အီဂျစ် ဖွင့်ပေးမယ်

မွတ်စလင်တွေရဲ့ ရာမာဒမ် ဥပုသ်လ တလလုံး ဂါဇာကိုဖြတ်တဲ့ ရာဖာ နယ်စပ်ပေါက်ကို ဖွင့်ပေးထားမယ်လို့ အီဂျစ်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ်ကျော်က အစ္စရေးနဲ့ ဂါဇာနယ်စပ်မှာ ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေအတွင်း ပါလက်စတိုင်း ၅၉ ဦး သေဆုံးပြီး ၂၇၀၀ ကျော် ဒဏ်ရာ ရခဲ့တဲ့ နောက်မှာ အခုလို လူသားချင်းစာနာတဲ့ သဘောနဲ့ လုပ်ပေးတာဖြစ်တယ်လို့ဆိုပါတယ်။

ဘီဘီစီ ကအဲဒီ ရာဖာမှာ နေထိုင်နေကြသူတွေနဲ့တွေ့ဆုံနိုင်ခဲ့ပါတယ်။

ကိုထွေးက ပြောပြမှာပါ။