ဟိန္ဒူတွေကို အာဆာအဖွဲ့ သတ်ခဲ့လို့ လူ့အခွင့်အရေး အဖွဲ့ပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဟိန္ဒူတွေကို အာဆာအဖွဲ့ သတ်ခဲ့လို့ လူ့အခွင့်အရေး အဖွဲ့ပြော

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ Amnesty International အဖွဲ့ (ယူကေ) ကနေ သူတို့ရဲ့ တွေ့ရှိချက် အသစ်တွေ ကို ထုတ်ပြန် လိုက်ပါတယ်။

AI အဖွဲ့ရဲ့ ဒီတစ်ခေါက် အစီရင်ခံစာထဲ မှာတော့ ရခိုင်ပြည်နယ်ထဲက ဟိန္ဒူ အသိုင်းအဝိုင်းကို ပစ်မှတ် ထားပြီး၊ အာဆာ အဖွဲ့ ကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့မှုတွေ အကြောင်း ဖော်ပြ ထားပါတယ်။

AI အဖွဲ့က လော်ရာဟေ့ဂ် ဟာ မြန်မာ့အရေး အထူးပြု သုတေသနလုပ်တဲ့သူ ဖြစ်ပြီး အခု အစီရင်ခံစာ ထုတ်ပြန်နိုင်ဖို့ ကိုယ်တိုင်ကွင်းဆင်း လေ့လာခဲ့တာဖြစ်ပါတယ်။ သူဘယ်တွေ သွားခဲ့လဲ၊ ဟိန္ဒူ အသိုင်းအဝိုင်းဘက်က ဘာတွေ ထွက်ဆိုတာ ကြားသိခဲ့ရလဲ ဆိုတာကို အခုလို ပြောပြထားပါတယ်။