မိုဆာလာရဲ့ အီဂျစ် ပရိတ်သတ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဆာလာရဲ့ အီဂျစ် ပရိသတ်

အီဂျစ်က ဖာရိုဘုရင်ကြီးလို့ လစ်ဗာပူး ဘောလုံးပရိသတ်တွေက ခေါ်ကြတဲ့ မိုဟာမက် ဆာလာဟာ ဒီဘောလုံးရာသီအတွင်း အသင်းအတွက် ဂိုးပေါင်း ၄၄ ဂိုး သွင်းယူပေး ထားပြီးဖြစ်ပါတယ်။

လစ်ဗာပူးပရိသတ်တွေအတွက် ဘောလုံး သူရဲကောင်း တဦး ဖြစ်နေတဲ့ မိုဆာလာကို သူ့မွေးရပ်မြေ အီဂျစ်က လူတွေကရောဘယ်လို ရှုမြင်ကြပါသလဲ။ ရီးယဲလ်မဒရစ်နဲ့လစ်ဗာပူးတို့ ကစားကြဖို့ ရှိတဲ့ချန်ပီယံလိဂ် ဗိုလ်လုပွဲအကြိုအဖြစ် ဘီဘီစီက အီဂျစ်မှာရော လစ်ဗာပူးလ်မှာလို ဆာလာကို သဲသဲလှုပ်ကြသလားဆိုတာကို သွားရောက် သတင်းယူနိုင်ခဲ့ပါတယ်။ မစိုးစိုးထွန်းက ပြောပြမှာပါ။