မြန်မာ့ ခြင်းလုံးကို မြတ်နိုးကြတဲ့ ဥရောပသားတွေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့ ခြင်းလုံးကို မြတ်နိုးကြတဲ့ ဥရောပသားတွေ

ဥရောပ အလယ်ပိုင်း က ဩစတြီးယား နိုင်ငံမှာ မြန်မာ့ ရိုးရာ ခြင်းခတ် ကစားနည်း ကို မြတ်မြတ် နိုးနိုး ကစားနေကြတဲ့သူတွေ ရှိပါတယ်။

သူတို့က အခြေခံ ခြင်းခတ် နည်းတွေ ဖြစ်တဲ့ ခြေခွင် ခြေဖျား ပိုင်နိုင်ရုံ တင် မဟုတ်ပါဘူး။ တပင်တိုင် ခြင်းမင်းသား အဖြစ်နဲ့ ဝိုင်းလယ် ကို ဝင်ပြီး တော့ ခြေစွမ်း ပြ ခတ် နိုင်ကြသူတွေ ဖြစ်ပါတယ်။

မြန်မာ့ ရိုးရာ ခြင်းခတ် ကစားနည်း အကြောင်း ကို သေသေချာချာ လေ့လာ သင်ယူ ခဲ့ပြီးမှ နီးစပ်ရာ အပေါင်းအသင်း တွေကို ပြန်လည် ဝေမျှ ပို့ချပေးနေတာပါ။

သူတို့တွေ မြန်မာ့ ခြင်ခတ်နည်းကို ဘယ် အချိန်က စလို့ ဘယ်လို စိတ်ဝင်စားခဲ့တာပါလဲ။ ဘယ်လောက် အထိ လေ့ကျင့် ခဲ့ရပါသလဲ။

ဩစတြီးယား နိုင်ငံ မြို့တော် ဗီယင်နာမှာ မြန်မာ့ ရိုးရာ ဝိုင်းခြင်း ခတ် ကစားကြသူတွေ အကြောင်း ကိုကျော်ဇေယျ က ကိုယ်တိုင်သွားရောက် မေးမြန်း တင်ဆက် ပေးထားပါတယ်။

ဆက်စပ် အကြောင်းအရာများ