ငှက်ဖျားရောဂါ တိုက်ဖျက်နေတဲ့ ဂါနာနိုင်ငံ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ငှက်ဖျားရောဂါ တိုက်ဖျက်နေတဲ့ ဂါနာနိုင်ငံ

ငှက်ဖျားရောဂါဟာ ကမ္ဘာမှာ လူတွေကို အသက်အန္တရာယ် အပေးနိုင်ဆုံး ရောဂါတွေထဲက တစ်ခု ဖြစ်ပါတယ်။

ဒီထဲမှာ အဆိုးဆုံးကတော့ အာဖရိက တိုက်တွင်းက ဆာဟာရ တောင်ပိုင်းဒေသတွေမှာပါ။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှု ၉၀ ရာနှုန်းလောက်ဟာ အဲဒီ့ နိုင်ငံတွေက ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ခန့်မှန်း ပြောဆိုထားပါတယ်။

ဒါပေမယ့် ဂါနာမှာတော့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပြီး အာဖရိက တိုက်မှာ ခြင်ဆေး တွေကို ပထမဆုံးအများအပြား သုံးစွဲတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

အပြည့်အစုံကိုတော့ ကိုထွေးက ပြောပြပေးမှာပါ။