လူမည်းကျောင်းသားတွေ တက္ကသိုလ်ဝင်ခွင့် ပိုရဖို့ အောက်စ်ဖို့ဒ်မျှော်လင့်

Image caption နာမည်ကြီး ကိန်းဘရစ်ချ် တက္ကသိုလ်

ဗြိတိန် လူမည်းကျောင်းသားကျောင်းသူတွေ ပိုမိုစာသင်ယူနိုင်မယ့် အခွင့်အလမ်းတွေ ရဖို့ ကျောင်းတွေနဲ့ ကျောင်းသားမိဘတွေကို ကူညီမှုပေးဖို့ လိုတယ်ဆိုပြီး ကိန်းဘရစ်ချ်တက္ကသိုလ်ကြီးက ပြောလိုက်ပါတယ်။

၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အထိ ကိန်းဘရစ်ချ် တက္ကသိုလ်ရဲ့ ဘွဲ့ကြိုတန်း ကောလိပ် ၂၉ ခုထဲက ၆ ခုမှာ ဗြိတိန်က လူမည်း နဲ့ ကပြား ကျောင်းသားကျောင်းသူ အရေအတွက်ဟာ ၁၀ ယောက်တောင် မပြည့်ဘူးလို့ တက္ကသိုလ်က ထုတ်ပြန်တဲ့ အချက်အလက်တွေက ဆိုပါတယ်။

ယူကေအဆင်မြင့်ပညာရေး အချက်အလက်ဆိုင်ရာ အေဂျင်စီကတော့ ၂၀၁၆ ခုနှစ်အတွင်း ယူကေတဝန်းက တက္ကသိုလ်တွေမှာ ဘွဲ့ကြိုတန်းတက်တဲ့ လူမည်းကျောင်းသား ကျောင်းသူက ၈ % ပဲ ရှိပြီး၊ ကိန်းဘရစ်ချ်မှာတော့ ၁.၅ % နဲ့ အောက်စ်ဖို့ဒ်မှာတော့ ၁.၂ % ပဲ ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

Image caption တက္ကသိုလ်တွေက ထုတ်ပြန်တဲ့ ကျောင်းဝင်ခွင့် အချက်အလက်များ

St Edmund ကောလိပ်မှာ ဝင်ခွင့်လျှောက်လွှာတင်တဲ့ လူမည်းကျောင်းသား အယောက် ၃၀ ထဲမှာ တယောက်ကိုမှ ကျောင်းဝင်ခွင့် မပေးခဲ့ကြပါဘူး။

Downing ကောလိပ်မှာတော့ ကျောင်းဝင်ခွင့် လျှောက်ကြတဲ့ ၉၅ ယောက်ထဲက ၈ ယောက် နဲ့ ၁၂ ယောက် ကြား အရေအတွက်ကိုပဲ လက်ခံဖို့ ရှိနေပါတယ်။

တက္ကသိုလ်တွေက ထုတ်ပြန်ချက်မှာတော့ ကိန်းဘရစ်ချ် နဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်ကြတဲ့ လူမည်းကျောင်းသားကျောင်းသူတွေဟာ ပညာရေးပိုင်းမှာ ပိုမိုပြင်ဆင်မှုတွေ လုပ်ဖို့လိုနေပြီး Target Oxbridge လို့ ခေါ်တဲ့ ပညာရေးပရိုဂရမ်တွေ ကိုလည်း မြှင့်တင်ပေးရမယ်လို့ ဖော်ပြပါတယ်။ Target Oxbridge ကတော့ လူမည်းကျောင်းသားကျောင်းသူတွေကို တက္ကသိုလ်တွေဝင်ခွင့်ရဖို့ တယောက်ချင်းစီ လေ့ကျင့်သင်ကြားပေးနေတဲ့ ပရိုဂရမ် ဖြစ်ပါတယ်။

Image caption နာမည်ကျော် အောက်စ်ဖို့ဒ်တက္ကသိုလ်ကြီး

ဗြိတိန် လေဘာပါတီအမတ် ဒေးဗစ်လမ်မီ ကတော့ ယူကေမှာရှိတဲ့ တက္ကသိုလ်တိုင်းဟာ ပိုမိုပွင့်လင်းမြင်သာမှု ရှိရမှာ ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကျောင်းဝင်ခွင့်ပေးတဲ့ ဒေတာ အချက်အလက်တွေကို ထုတ်ပြန်ပေးဖို့ တောင်းဆိုပါတယ်။

ဘီဘီစီနဲ့ အင်တာဗျူးမှာတော့ အောက်စ်ဖို့တက္ကသိုလ်ဟာ လူမျိုးပေါင်းစုံ ပညာသင်ခွင့်ပေးဖို့ လုပ်ဆောင်ရာမှာ ဆိုးဆိုးရွားရွား ပျက်ကွက်ခဲ့တယ်လို့ မစ္စတာလမ်မီက မှတ်ချက်ပြုပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ