ကမ္ဘာကျော် Stonehenge မှာ ယောဂကျင့်နေကြသူများ

ကမ္ဘာကျော် Stonehenge မှာ ယောဂကျင့်နေကြသူများ

အခုဆိုရင် နိုင်ငံတကာ ယောဂနေ့လည်း နီးလာပြီဆိုတော့ ယောဂကစားသူတွေလည်း အဲဒီ့နေ့ကို ဆင်နွဲဖို့ အသင့်ဖြစ်နေကြပါပြီ။

ဇွန်လ ၂၁ ရက် ကြာသပတေးနေ့မှာ ကျရောက်မယ့် ယောဂနေ့မတိုင်ခင်မှာ ဗြိတိန် ဆော်စဘယ်ရီမြို့အနီးက Stonehenge သမိုင်းဝင်နေရာမှာ ယောဂကျင့်နေကြတဲ့ အဖွဲ့လည်း ရှိနေပါတယ်။

ယောဂကျင့်စဉ်ကို အိန္ဒိယ ဝန်ကြီးချုပ် နယမ်ဒရာ မိုဒီ Narendra Modi က ကုလသမဂ္ဂမှာ ပြီးခဲ့တဲ့ ၄ နှစ်က မိတ်ဆက်ပြောပြီးတဲ့နောက်ပိုင်း နိုင်ငံတကာ ယောဂနေ့လို့ သတ်မှတ်ခဲ့ကြတာပါ။

အပြည့်အစုံကိုတော့ ကိုရင်မောင်က ပြောပြပေးမှာပါ။