ဇူလိုင် ၁၁ ရက် ဖတ်စရာသတင်းများ

Image caption ဦးပေါက်ယူရိနဲ့ ဝ ခေါင်းဆောင်တွေ တက်လာ

(၁) ၂၁ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ တတိယမြောက် အစည်းအဝေးကို ဒီနေ့မှာ စတင်လိုက်ပါတယ်။

ဒီညီလာခံမှာတော့ ဒေါ်အောင်ဆန်းစုကြည်အဖွင့်အမှာစကား ပြောကြားရာမှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို ငြိမ်းချမ်းရေးစကားဝိုင်းကို လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ညီလာခံတက်ဖို့ မနေ့ကတည်းက တိုင်းရင်းသားခေါင်းဆောင် တချို့ ရောက်လာပါတယ်။ ဒီထဲမှာမှ မူလက မတက်ဖို့ ငြင်းဆန်ထားတဲ့ ကိုယ်စားလှယ်တချို့လည်း ပါပါတယ်။

အရင်တုန်းကတော့ အလယ်အလတ် အရာရှိတွေလောက်ပဲ လွှတ်မယ်လို့ သတင်းထွက်တဲ့ ကေအိုင်အို အဖွဲ့က ဗိုလ်ချုပ်ဂွမ်မော်လည်းရောက်လာသလို NCA လက်မှတ် မထိုးရသေးတဲ့ SSPP/SSA က ကိုယ်စားလှယ်တွေ မနေ့ကတည်းက နေပြည်တော်ကို ရောက်လာတာ တွေ့ရပါတယ်။

ဒီနေ့မှာတော့ ညီလာခံ တက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

၂၁ ပင်လုံတက်ဖို့ မြောက်ပိုင်း ခေါင်းဆောင်တွေ ရောက်လာ

ဓာတ်ပုံ မူပိုင် Minn latt
Image caption ၂၁ပင်လုံ ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်လာသူတဦး

(၂) ငြိမ်းချမ်းရေးအတွက် ကျားမ တန်းတူရေး မဟာမိတ် (AGIPP) နဲ့အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့ အလေ့အထ အားလုံးနီးပါးဟာ ဖိုဝါဒ ကြီးစိုးရေးစနစ်ကို ကျင့်သုံးနေဆဲ ဖြစ်ပြီး မိမိတို့ အယူအဆတွေ အလေ့အကျင့်တွေမှာ ခွဲခြားမှုတွေ ဖြစ်ပေါ်နေတာကို သတိမမူမိတတ်ကြဘဲ ခွဲခြားမှုမှာ ကျင့်သား ရနေကြောင်း။

ဒီလို အကျင့်တွေကြောင့် အကျိုးဆက်အနေနဲ့ နိုင်ငံရဲ့ အရေးကြီးတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေး မဏ္ဍိုင်များရဲ့ ဆုံးဖြတ်ချက် ချတဲ့အဆင့်တိုင်း အမျိုးသမီး ပါဝင်မှု အလွန်နည်းပါးပြီး ကန့်သတ် ခံနေရတယ်လို့ ပါရှိပါတယ်။

ဒါကြောင့် အခုလို ၂၁ ပင်လုံ ညီလာခံမှာ စစ်မှန်သော ကျား-မ ဆိုင်ရာ တန်းတူ ညီမျှမှု မူဝါဒတရပ် ချမှတ် ကျင့်သုံးဖို့ လိုအပ်တဲ့အတွက် သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှာ ဆွေးနွေးဖို့ အချက်ငါးချက်ကို ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။

ဥရောပ အသင်းတွေချည်း ကစားမယ့် ဆီးမီးဖိုင်နယ်မှာ ဘယ်အသင်းတွေ အနိုင်ရမလဲ

(၃) NATO နေတိုး ဆွေးနွေးပွဲ ပူတင်နဲ့ ဆွေးနွေးတာထက် ခက်မယ်လို့ ထရမ့်ပြော

မြောက်အတ္တလန်တစ် သဘောတူစာချုပ် အဖွဲ့အစည်းလို့ ခေါ်တဲ့ နေတိုး (NATO) ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ကို ရောက်လာတဲ့ သမ္မတ ထရမ့်က ရုရှ သမ္မတ ပူတင်နဲ့ တွေ့ဆုံပွဲထက် ဒီထိပ်သီးဆွေးနွေးပွဲက ပိုခက်တယ်လို့ ခန့်မှန်းထားပါတယ်။

ဘရပ်ဆဲကို မလာခင် သတင်းထောက်တွေကို ပြောတဲ့အထဲ သမ္မတ ထရမ့်က သူ့မှာ NATO ပြဿနာဝိုင်းနေတဲ့ ယူကေ ၊ ရုရှ သမ္မတ ပူတင်တို့ရှိနေရာမှာ မစ္စတာ ပူတင်နဲ့ ပြောဆို ဆက်ဆံရတာ အလွယ်ဆုံးနေမှာလို့ ပြောခဲ့ပါတယ်။

(၄) တရုတ်နိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားသူ ချင်းယုံမင်း ကိုနောက်ထပ် ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ချင်းယုံမင်းဟာ ၂၂နှစ်ကြာ ထောင်ထဲမှာ နေခဲ့ပြီး ဖြစ်ပါတယ်။ သူ့ကို တရားရုံးမှာ ပူးပေါင်းဆောင်ရွက်ခြင်း မပြုခဲ့ဘူး၊ တရားစီရင်မှု တလျှောက်လုံး နှုတ်ဆိတ်နေခဲ့တယ်လို့ သူ့ရဲ့ လူ့အခွင့်အရေး ရှေ့နေ လင်ချင်းလိုင်က အေအက်ဖ်ပီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ခြေလှမ်းသစ်တစ်ခုစဖို့ အချိန်ကျပြီလို့ ဆုံးဖြတ်ခဲ့

(၅) ပြောင်းရွှေ့ကြေး ပေါင် ၉၉ သန်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်

ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူးခရစ်စတီယာ ရော်နယ်ဒိုဟာ ပြောင်းရွှေ့ကြေး ပေါင် ၉၉ သန်းနဲ့ အီတလီ ချန်ပီယံ ဂျုဗင်းတပ် နဲ့ လေးနှစ်စာချုပ်ချုပ်ဆိုလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ရီးယဲလ် မက်ဒရစ်မှာ ကိုးနှစ်ကစားခဲ့တဲ့ ကာလအတွင်း ချန်ပီယံလိဂ် ဖလား လေးကြိမ်ရခဲ့ပါတယ်။