ဇူလိုင်လ ၁၄ရက်နေ့ ဖတ်စရာ သတင်းများ

ဓာတ်ပုံ မူပိုင် karenni thu
Image caption ကယားမှာ ဗိုလ်ချုပ်ကြေးရုပ်ထားဖို့ ကရင်နီလူငယ်များ ကန့်ကွက်

(၁) ကယားမှာ ဗိုလ်ချုပ်ကြေးရုပ်ထားဖို့ အစိုးရအဖွဲ့နှင့် ကရင်နီလူငယ်များ ပြည်သူများဆီမှ သဘောထား စစ်တမ်းကောက်ယူမည်။

ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာဟေဝန် ပန်းခြံအတွင်းမှာ ထားရှိဖို့ စီစဉ်ထားတဲ့ ဗိုလ်ချုပ်ကြေးရုပ် ထားရှိမယ့် အစီအစဉ်နဲ့ ပတ်သတ်လို့ ကယား(ကရင်နီ) အခြေစိုက် လူမှု အဖွဲ့အစည်း ၁၁ဖွဲ့က လူထု သဘောထား ကောက်ခံနေပါတယ်။

ဒီစစ်တမ်းကို ဇူလိုင် ၁၃ရက်နေ့က စတင် ကောက်ခံနေတာ ဖြစ်ပြီး လာမယ့် ဇူလိုင် ၂၀ရက်နေ့အထိ ကောက်ခံသွားမယ်လို့ လက်မှတ်ကောက်ခံမှုမှာ လှုပ်ရှားနေသူ ခွန်ဘားနတ်ဒ်က ဘီဘီစီကို ပြောပါတယ်။

လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကန့်ကွက်ခံရ

တချိန်က သီးခြားလွတ်လပ်ခဲ့တဲ့ ကရင်နီ(ကယား) ဒေသမှာ အခုလို ငြိမ်းချမ်းရေး မရေမရာဖြစ်နေချိန် ဗိုလ်ချုပ် ကြေးရုပ် ထားပါက ပြဿနာတွေ ပိုဖြစ်လာပြီး တိုင်းရင်းသားတွေအကြား သွေးကွဲမှု ပိုဖြစ်လာပြီး လူမျိုးကြီးဝါဒ ပိုမိုပေါ်လွင်အောင် လုပ်ဆောင်သလို ဖြစ်နေတယ်လို့ ဇွန်လ ၁၈ရက်နေ့ ရက်စွဲနဲ့ ပြည်နယ် အစိုးရစီပေးတဲ့စာမှာ ဖော်ပြထားပါတယ်။

Image caption SSPP အဖွဲ့နဲ့ နေပြည်တော်တွင် တွေ့ဆုံစဉ်

(၂) တရုတ်အနေနဲ့ မြောက်ပိုင်းအဖွဲ့တွေ NCA မထိုးနိုင်သေးမှုအပေါ် နားလည်မှု ပေးသင့်

မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို အန်စီအေ အပစ်ရပ်ဖို့ တိုက်တွန်းနေတဲ့ တရုတ်နိုင်ငံအနေနဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဘာကြောင့် အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်မှု မရှိသေးသလဲဆိုတာကို နားလည်သင့်တယ်လို့ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ဒုတိယ ဥက္ကဌ စဝ်ခွန်ဆိုင်က ပြောပါတယ်။

တရုတ်အနေနဲ့ မြောက်ပိုင်းအဖွဲ့တွေကို လက်မှတ်ထိုးဖို့ တွန်းအားပေးနေတာဟာ တရုတ်ရဲ့ အပိုင်းသာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ ပကတိ အခြေအနေတွေကို ဂဃနဏ တရုတ်က မသိပါဘူး လို့ နေပြည်တော် ၂၁ ပင်လုံ ဖွင့်ပွဲ အခမ်းအနားကို လာတက်တဲ့ စဝ်ခွန်ဆိုင်က ဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် KEVIN
Image caption မြန်မာပြည်က စစ်ရှောင်ဒုက္ခသည်တွေကို အကူအညီပြန်ပေးဖို့ ဝါရှင်တန်ရောက် ကရင်တိုင်းရင်းသားတွေ ဆန္ဒပြ တောင်းဆို

(၃) စစ်ရှောင်ဒုက္ခသည်စခန်းက ဒုက္ခသည် တချို့ နေရပ်ပြန်ဖို့ အတွက် အခက်အခဲတွေရှိနေဆဲ။

မြန်မာပြည်အနှံ့မှာရှိတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြေးနေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ အခုချိန်အထိ မိမိနေရပ်ကို ပြန်ဖို့ အခက်အခဲတွေ ရှိနေပါသေးတယ်။

ကချင်ပြည်နယ် ကစစ်ဘေးရှောင် ဒုက္ခသည်တွေလည်း အခုဆိုရင် ထွက်ပြေးလာတာဟာ ခုနှစ်နှစ် ကျော်လာပြီဖြစ်ပါတယ်။

ကရင်ပြည်နယ် မြိုင်ကြီးငူဒေသမှာလည်း စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ ပြတ်လတ်မှုတွေနဲ့ ကြုံနေရပါတယ်။

မြန်မာပြည် မြေမြှုပ်မိုင်း သုံးမှုကျဆင်း

နမ္မတူ မြို့နယ်ထဲ မြေမြှုပ်မိုင်း နင်းမိလို့ နှစ်ယောက် ဒဏ်ရာရ

လတ်တလော စစ်ရှောင်စခန်းတွေကို အစိုးရက ပိတ်သိမ်းမယ် ဆိုတဲ့ အစီအစဉ်တွေလည်း ရှိနေပါတယ်။ ဒါပေမယ့် မြိုင်ကြီးငူဘက်က စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေကတော့ နေရပ်ပြန်မယ် ဆိုရင် မြှုပ်ထားတဲ့ မိုင်းတွေရဲ့ အန္တရာယ်ကို စိုးရိမ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ