ယီမင်ပြည်တွင်းစစ်နဲ့ ယူအေးအီးရဲ့ ပတ်သက်မှု

ယီမင်ပြည်တွင်းစစ်နဲ့ ယူအေးအီးရဲ့ ပတ်သက်မှု

ယီမင်မှာ ပြည်တွင်းစစ် စခဲ့တာ ၄ နှစ်ရှိလာခဲ့ပါပြီ။ အဲဒီ စစ်ပွဲတွေမှာ ဒေသတွင်းက အင်အားကြီး နိုင်ငံတွေလည်း ပါဝင် ပတ်သက်နေပါတယ်။ အဲဒီထဲက တနိုင်ငံကတော့ အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီး ဖြစ်ပြီး သူတို့က စစ်ပွဲကနေ တဆင့် သူတို့ရဲ့ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်သွားနိုင်ဖို့ လုပ်နေတယ်လို့ ယူဆရပါတယ်။ ယူအေအီးဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဆိုကိုထရာ ကျွန်းအပါအဝင် အာဖရိက ဦးချိုဒေသတွင်းက အိမ်နီးချင်းနိုင်ငံတွေမှာပါ လှုပ်ရှားမှုတွေ ရှိလာနေပါတယ်။ အဲဒါကြောင့် ယီမင်အတွက် အလှူရှင်နိုင်ငံတွေကလည်း ဒါနဲ့ပတ်သက်လို့ ယူအေအီးက တဘက်လှည့်နဲ့ ကိုလိုနီ ပြုနေတာများလားဆိုပြီး မေးခွန်းတွေ ထုတ်လာနေပါတယ်။

ကိုမင်းထက်က ပြောပြမှာပါ။