သြဂုတ်လ ၂၈ ရက် ညချမ်း သိသင့်တဲ့ သတင်းများ

russia

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ရုရှား စစ်ရဟတ်ယာဉ်တွေ စစ်ရေးပြ

ရုရှား နိုင်ငံရဲ့ ကာကွယ်ရေး ဝန်ကြီးဆာဂေ ရွှိုင်ဂူး က ဆိုဗီယက်ခေတ် နောက်ပိုင်း အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုကြီးပြုလုပ်မယ်လို့ ကြေညာလိုက်ပါတယ်။

ရုရှားရဲ့ ရန်လိုမှုကို အနောက်နိုင်ငံတွေက စိုးရိမ်မှုတွေ မြင့်တက်လာနေချိန်မှာပဲ အခုလို ရုရှားက ကြေညာလိုက်တာပါ။

ရုရှားမြောက်ပိုင်းနဲ့ ပစိဖိတ်ဒေသက ရေတပ်လည်း ပါမှာ ဖြစ်သလို တရုတ်နဲ့ မွန်ဂိုလီယား က တပ်ဖွဲ့တို့လည်း ပါဝင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STR

ဓာတ်ပုံ ပုံစာ,

စက်မှုလုပ်ငန်းတိုးတက်လာလို့ လေထုညစ်ညမ်းမှု ဖြစ်ပွား

တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ လေ့လာချက် တခုအရ လေထုညစ်ညမ်းမှုများလွန်းရင် ဉာဏ်ရည် အကြီးအကျယ် ကျဆင်းစေတယ်လို့ ဖော်ပြနေပါတယ်။

လေးနှစ်ကြာ လေ့လာ သုတေသန ပြုမှု အရ အသက်အရွယ်အမျိုးမျိုးသော အမျိုးသား အမျိုးသမီးနှစ်သောင်းကို ဘာသာစကားနဲ့ အတွက်အချက် စမ်းသပ်ပြီး သုံးသပ်ထားတာ ဖြစ်ပါတယ်။

လေထုမသန့်ရှင်းတဲ့ နေရာမှာ ကြာကြာ နေရသူတွေဟာ ဉာဏ်ရည် ထိခိုက်ခံရတာ ပိုများတယ်လို့ လေ့လာသူတွေက ကောက်ချက် ချပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YOSHIKAZU TSUNO

ဓာတ်ပုံ ပုံစာ,

စက်ရုပ်ခြေထောက်နဲ့ လမ်းလျှောက်ဖို့ ကူညီ

ဂျပန် နိုင်ငံမှာ မသန်စွမ်းသူတွေကို အလုပ်ခန့်ဖို့ သတ်မှတ်ထားတဲ့ ခွဲတမ်း ပြည့်တဲ့ပုံစံမျိုး ဖြစ်အောင် အစိုးရဌာနတွေက လူအရေအတွက် ပိုပြထားခဲ့ကြတယ်လို့ အစိုးရက ဝန်ခံလိုက်ပါတယ်။

ဝန်ကြီးဌာနတွေနဲ့ အဖွဲ့ အစည်းတွေက မသန်စွမ်းသူ လူပေါင်း ခုနစ်ထောင်ကို ခေါ်ယူခန့်ထားခဲ့တယ်လို့ ပြောကြပါတယ်။

ဒါပေမဲ့ စုံစမ်း စစ်ဆေးရာမှာ အဲဒီလူတွေရဲ့ တဝက်လောက်က တကယ်တမ်း မသန်စွမ်းသူတွေ မဟုတ်တာ တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TANG CHHIN SOTHY

ဓာတ်ပုံ ပုံစာ,

ပုန်ကန် အုံကြွမှုနဲ့ အပြစ် ချမှတ်ခံရ

ကမ္ဘောဒီးယား နိုင်ငံမှာ မတရားသင်း အဖြစ် ကြေညာခံထားရတဲ့ အတိုက်အခံ CNRP ပါတီကို ထောက်ခံသူ ၁၄ ယောက်ကို အစိုးရက ပြန်လွှတ်ပေးလိုက်ပြီးနောက် သူတို့ အောင်ပွဲခံနေကြပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က ပုန်ကန် အုံကြွမှုနဲ့ သူတို့ကိုအပြစ် ချမှတ်ခဲ့တာပါ။

ပြန်လွတ်လာသူတွေထဲမှာမနှစ်က ပြစ်ဒဏ်ချခံခဲ့ရတဲ့ ပါတီ ခေါင်းဆောင် Kem Sokha တော့ မပါဝင်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, RAJAT GUPTA

ဓာတ်ပုံ ပုံစာ,

မိုဒီ ကို လုပ်ကြံမှာ စိုး

အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒရာ မိုဒီ ကို မော်ဝါဒီတွေက လုပ်ကြံဖို့ ကြံစည်တယ် ဆိုတဲ့ ကိစ္စအတွက် စုံစမ်း စစ်ဆေးဖို့ ဆိုပြီး နိုင်ငံတဝန်းက က လက်ဝဲဝါဒီ လှုပ်ရှားသူတွေကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဒေလီ၊ မွမ်ဘိုင် နဲ့ ဟိုင်ဒြာဘတ် အပါအဝင် မြို့ကြီး အတော်များများမှာ ရဲတွေက စီးနင်းရှာဖွေ ဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။