ကျောက်ဆည် AGTI ကျောင်းသား ဓားထိုးခံရလို့ သေဆုံး

ဓာတ်ပုံ မူပိုင် Soe thiha
Image caption ဓားထိုးခံရတဲ့ ကျောက်ဆည်မြို့က ကျောင်းသား

ကျောက်ဆည်မြို့မှာ AGTI ကျောင်းသားတဦးဟာ မနေ့ညက ဓားထိုးခံရတာကြောင့် သေဆုံးသွားပြီး ဓားနဲ့ထိုးသူ သုံးဦးကိုလည်း ရဲကဖမ်းဆီးထားတယ်လို့ ကျောက်ဆည်ရဲစခန်းမှူးက ဘီဘီစီကို ပြောပါတယ်။

မနေ့ည ၁၀နာရီလောက်အချိန်မှာ သေဆုံးသူ ကိုနေမင်းထက်နဲ့ သူငယ်ချင်းစီးလာတဲ့ ဆိုင်ကယ်နဲ့ တခြားဆိုင်ကယ်တစ်စီး ဆိုင်ကယ်နှစ်စီးနဲ့ တိုက်မိသလိုဖြစ်ရာကနေ တခြားဆိုင်ကယ်က ရန်ပြုလာပြီး အနောက်ကနေလိုက်လာလို့ အပြန်အလှန်ထိုးရင်းကြိတ်ရင်းနဲ့ တရားခံဘက်က ဓားနဲ့ တချက်ထဲ ထိုးလိုက်တာ နှလုံးဖောက်ဝင်ဒဏ်ရာနဲ့ ဆေးရုံရောက်မှ သေတာလို့ ကျောက်ဆည်ရဲစခန်းမှူးက ပြောပါတယ်။ သေဆုံးသူဟာ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း AGTI က ကျောင်းသား ဖြစ်ပါတယ်။

ကျောက်ဆည်မှာ နှစ်ရက်အတွင်း မူးယစ်မှုနဲ့ ဖမ်းမိသူပေါင်း ၈ဝရှိ

ကျောက်ဆည် ဒေါ်မြရီ ရာပြည့်

အခင်းဖြစ်ပွားပြီးနောက် တနာရီအတွင်းမှာပဲ တရားခံသုံးယောက်ကို ရဲကဖမ်းဆီးနိုင်ခဲ့ပြီး အများပြောနေသလို ဖြစ်စဉ်အစက ဖုန်းလုရင်းဖြစ်တာ မဟုတ်ဘူးလို့ ကျောက်ဆည်ရဲစခန်းပြောပါတယ်။ ။

အခုလက်ရှိသေဆုံးသူရဲ့ မိဘတွေလည်း ကျောက်ဆည်ကို ရောက်ရှိနေပြီဖြစ်ပြီး ဓားနဲ့ ထိုးတဲ့ တရားခံသုံးယောက်ကို သေမှုသေခင်းအရ ၃၀၂/၁၁၄ ပုဒ်မနဲ့ အမှုဖွင့်အရေးယူထားပါတယ်။

ကျောက်ဆည်မြို့မှာ လုံခြုံရေးအနေနဲ့ ညဉ့်ဦးပိုင်းတဖွဲ့ ၊ ညဉ့်လယ်ပိုင်းတဖွဲ့ နဲ့ မိုးလင်းခါနီးတဖွဲ့ ဆိုပြီး အဖွဲ့သုံးဖွဲ့နဲ့ ကင်းလှည့် လုံခြုံရေး ယူပေးနေတယ်လို့ ကျောက်ဆည် ရဲစခန်းက ပြောခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ