အီတလီ ဂရင်းပရီမှာ ဟာမီလ်တန် ၅ကြိမ်မြောက် ဗိုလ်စွဲ

ဓာတ်ပုံ မူပိုင် AFP
Image caption အီတလီ ဂရင်းပရီ ဖော်မြူလာ၀မ်းပြိုင်ပွဲ

အီတလီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲမှာတော့ မာစေးဒီးစ်က လူးဝစ် ဟာမီလ်တန် ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ စနေနေ့က စမ်းသတ်မောင်းနှင်ရာမှာ အမြန်ဆုံး ဖြစ်ခဲ့ကြတဲ့ ဖာရာရီက ကီမီ ရိုင်ကွန်နန်နဲ့ ဗက်တဲလ်တို့က ထိပ်ဆုံးတန်းကနေ တာထွက်ခွင့်ရခဲ့ပါတယ်။ ဟာမီလ်တန်က ဖာရာရီ ကားနှစ်စီးနောက်ကနေ ထွက်ခဲ့ရပေမယ့် အကောင်းဆုံး မောင်းနှင်နိုင်ပြီး ချန်ပီယံဖြစ်ခဲ့တာပါ။ ဟာမီလ်တန်ဟာ ပထမဆုံး အပတ်မှာတင် ပြိုင်ဖက် ဗက်တဲလ်နဲ့ တိုက်မိခဲ့ပေမယ့် ဒုတိယနေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး ရှေ့က ရိုင်ကွန်နန်ကို ဖိအားပေးခဲ့ပါတယ်။ ပွဲပြီးဖို့ ၉ပတ်အလို ၄၅ပတ်မြောက်မှာ ဟာမီလ်တန်ဟာ ဦးဆောင်သူ ရိုင်ကွန်နန်ကို ကျော်ပြီး ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဒါဟာ ဟာမီလ်တန်အတွက်တော့ ဒီရာသီ ၆ပွဲမြောက် ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပြီး ဒုတိယနေရာက ဗက်တဲလ်ကို ရမှတ် ၃၀အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။ ရိုင်ကွန်နန်က ဒုတိယနေရာနဲ့ ရက်ဘူးလ်က ဗာစတာပန်က တတိယနေရာကနေ ပန်းဝင်ခဲ့ပါတယ်။ ပွဲအတွင်း အမှားကြောင့် ပြိုင်ပွဲကျင်းပရေး ကော်မတီက ဗာစတာပန်ရဲ့ စံချိန်ကို နောက် ထပ် ၅စက္ကန့် ထည့်သွင်းခဲ့လို့ မာစေးဒီးစ်က ဘော့စ်တပ်စ်က တတိယရခဲ့ပြီး ဗက်တဲလ်က စတုတ္ထနေရာရခဲ့ကာ ဗာစတာပန်က အဆင့် ၅နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ၂၀၁၈ ဖော်မြူလာဝမ်းပြိုင်ပွဲကြီးပြီးဖို့ ၇ပွဲသာလိုတော့ပြီး လာမယ့်ပြိုင်ပွဲကိုတော့ စင်ကာပူမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အီတလီ ဂရင်းပရီးမှာ ၅ကြိမ် ချန်ပီယံဖြစ်ပြီး ဗက်တဲလ်ကို ရမှတ် ၃၀ဖြတ်ထားတဲ့ ဟာမီလ်တန်

ကမ္ဘာ့ချန်ပီယံ အမှတ်ပေးဇယား

၁) ဟာမီလ်တန် ( မာစေးဒီးစ် ) - ၂၅၆မှတ်

၂) ဗက်တဲလ် ( ဖာရာရီ) - ၂၂၆မှတ်

၃) ရိုင်ကွန်နန် ( ဖာရာရီ) - ၁၆၄မှတ်

၄) ဘော့တပ်စ် ( မာစေးဒီးစ် ) - ၁၅၉မှတ်

၅) ဗာစတာပန် ( ရက်ဘူးလ်) - ၁၃၀မှတ်

၆) ရီကာဒို ( ရက်ဘူးလ် ) - ၁၁၈မှတ်

ဓာတ်ပုံ မူပိုင် AFP
Image caption ပန်း၀င်လာတဲ့ ဟာမီလ်တန်နဲ့ မာစေးဒီးစ် အသင်းသားများ အောင်ပွဲခံနေစဉ်

အသင်းချန်ပီယံ အမှတ်ပေးဇယား

၁) မာစေးဒီးစ် - ၄၁၅မှတ်

၂) ဖာရာရီ - ၃၉၀မှတ်

၃) ရက်ဘူးလ် - ၂၄၈မှတ်

၄) ဟတ်စ် - ၈၄မှတ်

၅) ရေးနော့ဗ် - ၈၄မှတ်

၆) မက္ကလာရင် - ၅၂မှတ်

ဆက်စပ် အကြောင်းအရာများ