စက်တင်ဘာလ ၆ ရက် ညချမ်း သိသင့်တဲ့ သတင်းများ

malaysia

ဓာတ်ပုံ ရင်းမြစ်, STRINGER

ဓာတ်ပုံ ပုံစာ,

ကြိမ်ဒဏ် အပေးခံရတဲ့ အမျိုးသမီး နှစ်ယောက်

မလေးရှား နိုင်ငံမှာ လိင်တူချင်းဆက်ဆံတဲ့ အမျိုးသမီး နှစ်ယောက်ကို ကြိမ်ဒဏ် အပြစ်ပေးမှုအတွက် ကန့်ကွက် ဝေဖန်မှုတွေ တိုးလာရာမှာ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက် လည်း ကန့်ကွက်တဲ့အထဲ ပါဝင်လာပါတယ်။

တွစ်တာမှာ တင်ထားတဲ့ သူ့ရဲ့ ဗီဒီယိုမှာ တနင်္လာနေ့က အစ္စလာမ် တရားရုံး ကဆုံးဖြတ်ပြီး လူအမြောက်အမြားရှေ့မှာ ပေးခဲ့တဲ့ ပြစ်ဒဏ်ဟာ တရားမျှတမှုကိုလည်း မထင်ဟပ်စေသလို အစ္စလာမ် ဘာသာရဲ့ အနှစ်သာရနဲ့လည်း မကိုက်ညီဘူးလို့ မဟာသီယာက ရေးထားပါတယ်။

အရပ်သားအခွင့်အရေး လှုပ်ရှားသူတွေကတော့ အခု ကြိမ်ဒဏ်ဟာ မိန်းမလျာ ယောက်ျားလျာ နဲ့ လိင်ပြောင်းထားသူ တွေကို မလေးရှားလူမှုအသိုင်းအဝိုင်းက မလိုလားဘဲ ဆန့်ကျင်တယ်ဆိုတဲ့ နမူနာ အဖြစ် မမြင်တွေ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ထရမ်နဲ့ကင် စင်္ကာပူမှာ ဆုံကြစဉ်က

အမေရိကန် သမ္မတ ထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို သူ့အပေါ်ကို ယုံကြည်မှု မပျက်တဲ့အတွက် ချီးကျူး လိုက်ပါတယ်။

ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌ ကင် ဆိုပြီး မနက်စောစောပိုင်းက တင်တဲ့ တွစ်တာ ပို့စ်တခုမှာ ထရမ့်က ရေးသားခဲ့သလို သူတို့ နှစ်ဦး ပူးပေါင်းမှုနဲ့ ကိုရီးယား ကျွန်းဆွယ်မှာ အဏုမြူ ကင်းစင်ရေး ကို ဆောင်ရွက် နိုင်လိမ့်မယ် လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ARUN SANKAR

ဓာတ်ပုံ ပုံစာ,

ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသူတွေ

အိန္ဒိယနိုင်ငံ မှာ အရွယ်ရောက်သူအချင်းချင်း ကျေနပ် သဘောတူရင် လိင်တူချင်း ဆက်ဆံတာ တရားဝင်တယ် ဆိုတဲ့ သမိုင်းဝင် ဆုံးဖြတ်ချက် ကို တရားရုံးချုပ်က ချမှတ်လိုက်ပါတယ်။

လိင်တူချင်း ဆက်ဆံတာဟာ ပြစ်မှုမြောက်တယ်လို့ သတ်မှတ်တဲ့ အငြင်းပွားဖွယ်ရာ ကိုလိုနီခေတ်က ပြဋ္ဌာန်း ခဲ့တဲ့ ဥပဒေဟာ ကျိုးကြောင်း ဆီလျော်မှု မရှိ၊ တဘက်သတ်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ လည်း မကိုက်ညီတာ ထင်ရှားတယ်လို့ နေတယ်လို့ တရားသူကြီးချုပ် က ပြောပါတယ်။

အဲဒီ ဥပဒေကို ဖျက်သိမ်းဖို့ တရားသူကြီး ၅ ယောက်ပါတဲ့ ခုံသမာဓိအဖွဲ့က တညီတညွတ်တည်း သဘောတူခဲ့ကြပါတယ်။

ရုပ်မြင်သံကြားပေါ်မှာ ပြနေတဲ့ အဲဒီ ပြန်လည် သုံးသပ်မှုကို စောင့်ကြည့်ခဲ့ကြတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆုံးဖြတ်ချက်အမိန့် ပေါ်ထွက်လာတာ မြင်ခဲ့ရစဉ်မှာ ထခုန်ပြီး ပျော်ရွှင်ခဲ့ ကြပါတယ်။

ဥပဒေဟောင်းကို ဆက်လက် ကျင့်သုံးဖို့ ၂ဝ၁၃ ခုနှစ်က ဆုံးဖြတ်ချက်ကို တရားသူကြီး တွေက ပြန်လည် ဆန်းစစ် ခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ပြစ်ဒဏ်ခံယူဖို့ စစ်သားတွေ ရောက်လာ

တောင်ဆူဒန်နိုင်ငံမှာလွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်ခဲ့တဲ့ နိုင်ငံခြားကူညီရေး ဝန်ထမ်းတွေကို မတော်မတရား ပြုကျင့်မှု၊ သတင်းထောက် တယောက်ကို သတ်ဖြတ်ခဲ့မှုတို့အတွက် ဆူဒန် စစ်သား ၁ဝ ယောက် ကို ထောင်ဒဏ် ၇ နှစ် ကနေ တသက်တကျွန်းအထိ ထောင်ဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။

ဂျူဘာ မြို့တော်က တာရိန် ဟိုတယ်မန်နေဂျာက ဒါဇင်နဲ့ ချီတဲ့ စစ်သားတွေ သူ့ဟိုတယ်ကို ရုတ်တရက် ရောက်လာပြီး ပစ္စည်းတွေ လုယက် အဓမ္မ ပြုကျင့်တာတွေ လုပ်ပြီး ဆူပူရမ်းကားသွားခဲ့တယ်လို့ ပြောပါတယ်။

အဲဒီလို ပြုလုပ်ခံကြရသူတွေက အနီးအနားမှာ စခန်းချထားတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွေကို ဖုန်းဆက် အကူအညီတောင်းခဲ့ပေမယ့် အကူအညီမရခဲ့ဘူးလို့ မျက်မြင်သက်သေ တွေက စစ်ခုံရုံးမှာ ပြောခဲ့ပါတယ်။

မုဒိမ်းပြုကျင့်ခံခဲ့ရသူတွေ တယောက်ချင်းကို နစ်နာကြေး ဒေါ်လာ လေးထောင်စီ ရရှိကြမှာ ဖြစ်ပါတယ်။

ဒီကိစ္စဟာ စစ်တပ်ရဲ့ မတရား ကျူးလွန်မှု တွေ ကင်းလွတ်ခွင့် ရနေတာကို အဆုံးသတ်စေချင်တဲ့ ဆန္ဒရှိမရှိ သမ္မတ ဆာလဗာ ကီးယား အပေါ် စမ်းသပ်မှု အဖြစ် အများက ယူဆကြပါတယ်။

ဓာတ်ပုံ ပုံစာ,

ရန်ကုန်က ရေပေးရေးပိုက်လိုင်းတခု

ရန်ကုန်မြို့ကို ရေပေးဝေနေတဲ့ လှော်ကားရေပိုက်လိုင်းကို အစားထိုး ပြုပြင်ဖို့ ရှိတဲ့အတွက် ရန်ကုန်မြို့တွင်း မြို့နယ်အချို့မှာ လာမယ့် စက်တင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက် နှစ်ရက်ကြာ ရေပေးဝေမှု ပြတ်တောက်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြေညာထားပါတယ်။