တောင်ကိုရီးယားက အကြီးဆုံးခွေးသတ်ရုံဝင်း ပိတ်သိမ်း ဖြိုဖျက်

ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်ကိုရီးယား ဆောင်နမ်မြို့ ခွေးသတ်ရုံဝင်း

တောင်ကိုရီးယားနိုင်ငံမှာ ခွေးသားတွေ ရောင်းနေတဲ့ နိုင်ငံအကြီးဆုံး ခွေးသတ်ရုံဝင်းကို အာဏာပိုင်တွေက စတင်ဖြိုဖျက်နေပါပြီ။

ဆိုးလ်မြို့တောင်ပိုင်း ဆောင်နမ်မြို့ထဲမှာရှိတဲ့ တိုင်ပြုံတုံ ခွေးသတ်ရုံဝင်းဟာ တောင်ကိုရီးယား တစ်နိုင်ငံလုံးကို ခွေးသားတွေ ဖြန့်နေတာဖြစ်ပြီး ခွေးသတ်ရုံ ၆ ရုံအထိ ရှိပါတယ်။

အဲဒီဝင်းကို ၂ ရက်အတွင်း အပြီး ဖျက်သွားမှာဖြစ်ပြီး အဲဒီနေ့ရာမှာ အများပြည်သူ သွားလာနိုင်တဲ့ ပန်းခြံဆောက်မှာဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ခွေးသားကို စားကောင်းသောက်ဖွယ် အဖြစ်စားသုံးလေ့ရှိပြီး တနှစ်ကို ခွေးကောင်ရေ တသန်းနီးပါး သတ်ဖြတ်စားသုံးနေပါတယ်။

"ဒါဟာ ရာဇဝင်တွင်တဲ့ လှုပ်ရှားမှု တခုပဲ " လို့ ကိုရီးယား တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့ KARA က သူတို့ကြေညာချက်ထဲမှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ခွေးသားရောင်းချတဲ့ဆိုင်တချို့ ပိတ်သိမ်းလိုက်ပါပြီ

ဒါဟာ ကိုရီးယား တနိုင်ငံလုံးမှာရှိတဲ့ ခွေးသားရောင်းတဲ့ ဆိုင်တွေကို ပိတ်ပင်ဖို့အတွက် လမ်းစဖွင့်ပေး လိုက်သလိုဖြစ်ပြီး ခွေးသားစားတဲ့ အလေ့အကျင့်ကို ဖယ်ရှားနိုင်မယ်လို့ တိရစ္ဆာန် အခွင့်အရေး ကာကွယ်သူတွေက မျှော်လင့်နေကြပါတယ်။

တောင်ကိုရီးယားက နွေရာသီမှာ ကျင်းပလေ့ရှိတဲ့ နှစ်သစ်ကူး သုံးရက်တာ ကာလအတွင်း အများဆုံးစားသုံးတဲ့ အစားအစာကတော့ ခွေးသားပဲဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကြက်သားကို ပြောင်းလဲ စားသုံးကြသူတွေလည်း တိုးလာပါတယ်။

ဒီဓလေ့ကို ပျောက်သွားဖို့ အားထုတ်သူတွေကြောင့် ခွေးသားစားတဲ့ ဆိုင်တချို့ တောင်ကိုရီးယားမှာ ပိတ်သွားပြီဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ဆိုင်ပေါင်း ၇၀၀ ပိတ်သိမ်းလိုက်ပါတယ်။

ဒီလို ခွေးသားစားတဲ့ဓလေ့ ပျောက်သွားဖို့ အားထုတ်နေတဲ့ လှုပ်ရှားတက်ကြွသူတွေ ရှိသလို တောင်ကိုရီးယား အများစုဟာ ခွေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် ပိုမွေးလာနေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ