သိုလှောင်ထားတဲ့ဂက်စ် အိုးတွေကနေ ပေါက်ကွဲမှုဖြစ်တာကြောင့်၁၆ ဦးသေဆုံး

ဓာတ်ပုံ မူပိုင် U Nyi Rang Facebook
Image caption ပေါက်ကွဲမှုကို ရှင်းလင်းနေကြစဉ်

ရှမ်းပြည်နယ် မြောက်ပိုင်း သံလွင်မြစ် အရှေ့ဘက်ခြမ်းက ဟိုပန်ခရိုင် ၊ UWSA ဝထိန်းချုပ်ရာနယ်မြေ မိုင်းမောမြို့မှာ မနေ့က ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အတွက် လူပေါင်း ၁၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၄၈ ဦး ရှိသွားပါပြီ။

မနေ့ကညနေပိုင်း ငါးနာရီဝန်းကျင်မှာ ပေါက်ကွဲတာဖြစ်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုရဲ့ ဂိုထောင်မှာ သိုလှောင်ထားတဲ့ဂက်စ် အိုးတွေကနေ ပေါက်ကွဲမှုဖြစ်တာ ဖြစ်တယ်လို့ ဦးညီရန်းက ဘီဘီစီကို ပြောပါတယ်။

ဒဏ်ရာရသူတွေရှိပြီး အဲဒီလူတွေကို အနီးစပ်ဆုံး တရုတ်ပြည်က ဆေးရုံမှာ ပို့ဆောင် ကုသထားရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေက အလုပ်ရုံမှာ လုပ်နေတဲ့ အလုပ်သမားတွေဖြစ်ပြီး အခုလို ပေါက်ကွဲမှုအတွက် ဝပြည်နယ် ရဲ့ တည်ဆဲဥပဒေနဲ့ အရေးယူမှုတွေ လုပ်မယ်လို့ ဦးညီရန်းက ဆိုပါတယ်။

မိုင်းမောမြို့ဟာ ဝ အထူး ဒေသရဲ့ ဒုတိယမြို့တော် အဆင့်လောက်ရှိပြီး မြို့တော် ပန်ဆန်းရဲ့ မြောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာမှာ တည်ရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ