ရခိုင်ပြည်တွင်း စစ်ဘေးကြောင့် အရပ်သား ၅၂ ယောက်သေပျောက် ဒဏ်ရာရ အပါအဝင် မနက်ခင်း သိသင့်တဲ့ သတင်းများ

Image caption တိုက်ပွဲတွေအတွင်း ရှေးဟောင်းစေတီတချို့ပါထိခိုက်လာ

(၁) ရခိုင်ပြည်ထဲက စစ်ဘေးကြောင့် အရပ်သား ၅၂ ယောက် သေပျောက်

ရခိုင်ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ဘေးဒဏ်ကြောင့် သေဆုံးဒဏ်ရာရသူနဲ့ ပျောက်ဆုံးသူတွေ စုစုပေါင်း ၅၂ ဦး ရှိနေပြီလို့ ပြည်တွင်းစစ်အတွင်း အခြေအနေတွေကို စုံစမ်းဖို့ ဖွဲ့စည်းထားတဲ့ ရခိုင်အမျိုးသားပါတီ (ANP ) ရဲ့ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ဘေးဒဏ်ကြောင့် အရပ်ဖက် ပြည်သူတွေထိခိုက် နစ်နာဆုံးရှုံးမှု၊ ရပ်ရွာစွန့်ခွာတိမ်းရှောင်မှု၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ထိခိုက်မှု စတာတွေကို စုံစမ်းဖို့ ရခိုင်အမျိုးသား ပါတီဟာ ကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။

ဒီကော်မတီမှာ ရခိုင်အမျိုးသားပါတီရဲ့ ဒု ဥက္ကဋ္ဌ ဒေါ်အေးနုစိန်းက ဦးဆောင်ပြီး ကော်မတီ အဖွဲ့အဝင်တွေဟာ မြောက်ဦးမြို့ကို သွားရောက် စုံစမ်းစစ်ဆေးခဲ့ပါတယ်။

သူတို့အနေနဲ့ မြောက်ဦးမြို့ပေါ်က စစ်ပြေးရှောင်စခန်း ၆ ခုကို သွားရောက်ပြိး ထွက်ပြေးလာသူတွေနဲ့ လည်းတွေ့ဆုံခဲ့တယ်လို့ မြောက်ဦးခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။

ANP ရဲ့ စုံစမ်းရေး ကော်မတီဟာ မြောက်ဦးမြို့နယ် ခရီးစဉ် မတ်လ ၂၈ ရက်နေ့က ပြီးဆုံးခဲ့ပြီး ဒီကနေ့က စတင်ပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေကို သွားရောက်စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီစုံစမ်းရေး ကော်မရှင်ကနေ ရလာတဲ့ အချက်အလက်တွေကို ANP ပါတီကို တင်ပြမှာဖြစ်ပြီး ပါတီကနေ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဆီကို တင်ပြသွားမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် NMSP
Image caption ၂၀၁၇ အောက်တိုဘာလက NCA စာချုပ်မှာ မွန်ပြည်သစ် ပါတီ လက်မှတ်ရေးထိုး

(၂) မွန်ပြည်သစ်ပါတီက မူးယစ်ဆေးဝါးနယ်ကျော်ဖမ်းဆီး

NCA လက်မှတ် ရေးထိုးထားတဲ့ မွန်ပြည်သစ် ပါတီက သတ်မှတ် နယ်မြေ ကျော်လွန်ပြီး လက်နက် ကိုင်ဆောင်တာ အစိုးရဆိုင်ရာ ကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်တာတွေ မူးယစ်ဆေးဝါးနှိမ်နင်း ဖမ်းဆီးရာမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်တာတွေ မရှိလို့ ဆိုပြီး မွန်ပြည်နယ် အစိုးရအဖွဲ့က မတ်လ ၂၂ ရက်နေ့က မွန်ပြည်သစ် ပါတီကို ကန့်ကွက်စာ ပို့လိုက်ပါတယ်။

မွန်ပြည်နယ် မုဒုံကျေးရွာ အရှေ့ဘက် ၇ မိုင်အကွာ ကားလမ်းမှာ မူးယစ်ဆေးဝါး သယ်လာသူ ၈ ဦးကို မွန်ပြည်သစ် ပါတီက မတ်လ ၂၀ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။

မွန်ပြည်နယ် အတွင်းမှာ မူးယစ်ဆေး သုံးစွဲမှုဟာ တစ်နေ့တခြား များလာပြီး ဒေသဆိုင်ရာ အစိုးရကလည်း ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ အားနည်းနေတဲ့အတွက် ဒီလို ဖမ်းဆီးမှုတွေ လုပ်ရတာဖြစ်တယ်လို့ မွန်ပြည်သစ် ပါတီက ပြောပါတယ်။

ဒီလုပ်ငန်းစဉ်ကို အပစ်ရပ်ရေး စတင်ဆွေးနွေးချိန် ၂၀၁၂ ခုနှစ်က လုပ်ဆောင်ခဲ့သလို မွန်ပြည်သစ်ပါတီရဲ့ ရာဇဝတ်ဆိုင်ရာ ဥပဒေအရ အရေးယူမှုတွေ ပြုနေတယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောပါတယ်။

နယ်မြေကျော် လုပ်ကိုင်တာ၊ ဖမ်းဆီးခဲ့သူတွေကို ခေါ်ဆောင်သွားတဲ့ လုပ်ရပ်ဟာ NCA ပါအချက် တွေနဲ့ မကိုက်ညီလို့ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးက ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲ ရောင်းဝယ်မှုတွေက မွန်ပြည်နယ်ရဲ့ နေရာအတော်များများမှာ ဖြစ်နေတဲ့အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေမှာ ရှိနေပြီး မွန်ပြည်သစ်ပါတီရဲ့ မူးယစ်နှိမ်နှင်းရေး လုပ်ငန်းကို လက်ခံကြိုဆိုတယ်လို့ ဒေသဆိုင်ရာ လူမှုအဖွဲ့တွေကပြောခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မွန်ပြည်သစ် ပါတီ ဘာကြောင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးသလဲ

(၃) နယူးဇီလန် သေနတ်ပစ်ခတ်မှုတွင်း သေဆုံးသူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အခမ်းအနားကျင်းပ

နယူးဇီလန် နိုင်ငံမှာတော့ မတ်လ ၁၅ ရက်တုန်းက ဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုမှာ သေဆုံးခဲ့သူတွေကို နိုင်ငံတော် အဆင့် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်လည်း တက်ရောက်ခဲ့ပြီး ရုပ်သံမိန့်ခွန်းပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်ကတော့ လူတိုင်းဟာ အမုန်းတရား၊ အကြောက်တရား ဗိုင်းရပ်စ်တွေကို ဘယ်တုန်းကမှ ခံနိုင်ရည် မရှိကြတာ မှန်ပေမယ့် နယူးဇီလန် နိုင်ငံဟာ အဲဒီအတွက် ကုသဆေးကို ရှာနိုင်တဲ့ နိုင်ငံ ဖြစ်ရမယ်လို့ သူ့မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
၄၉ ဦးထက်မနည်း သေဆုံးခဲ့တဲ့ နယူးဇီလန်က ဗလီနှစ်ခု ပစ်ခတ်ခံရမှု

အဲဒီအခမ်းအနားကို မွတ်စလင်ခေါင်းဆောင်တွေ၊ တိုက်ခိုက်မှုမှာ အသက်ရှင် ကျန်ရစ်သူတွေ တက်ရောက်ခဲ့ကြသလို ၁၉၇၀ ပြည့်နှစ်တွေမှာ မွတ်စလင် ဘာသာဝင်အဖြစ် ပြောင်းလဲ ခံယူခဲ့တဲ့ အဆိုတော် ခတ်စတီဖင်စ် လည်းတက်ရောက်ခဲ့ပါတယ်။

လုံခြုံရေး တင်းတင်းကြပ်ကြပ်နဲ့ ကျင်းပခဲ့တဲ့ ဒီပွဲကို လူပေါင်း နှစ်သောင်းကျော် တက်ရောက်ခဲ့ကြပါတယ်။

ခရိုက်ချာ့ချ်မြို့က ဗလီ နှစ်လုံးကို လူဖြူ လူမျိုးကြီးဝါဒီ အမျိုးသားတစ်ယောက်က တိုက်ခိုက်ခဲ့လို့ လူ ငါးဆယ်နီးပါး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မနီလာ လေဆိပ်မှာ ဖမ်းဆီးခံရတဲ့ အမျိုးသမီးသတင်းထောက် မာရီယာရက်ဆာ

(၄) ဖိလစ်ပိုင် အမျိုးသမီးသတင်းထောက် ဖမ်းဆီးခံရ

ဖိလစ်ပိုင်နိုင်ငံမှာ လူသိများ ထင်ရှားတဲ့ အမျိုးသမီးသတင်းထောက် မာရီယာရက်ဆာကို တားမြစ်ထားတဲ့ ဥပဒေ ချိုးဖောက်မှု နဲ့ စွပ်စွဲပြီး မနီလာလေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။

အမျိုးသမီးသတင်းထောက် မာရီယာရက်ဆာဟာ ဖိလစ်ပိုင်မှာ နိုင်ငံခြားသားတွေ မီဒီယာကို ပိုင်ဆိုင်မှုမှာ တားမြစ်ထားတဲ့ ဥပဒေကို ချိုးဖောက်တယ်လို့ အစွပ်စွဲ ခံထားရပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း ရပ္ပလာ သတင်းစာမျက်နှာရဲ့ အမှုဆောင် အယ်ဒီတာ တစ်ဦးဖြစ်တဲ့ မစ္စ ရက်ဆာဟာ အင်တာနက်ပေါ်ကနေ အသရေဖျက်မှုနဲ့ စွပ်စွဲခံရပြီး ဖမ်းဆီးခံခဲ့ရပါသေးတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတ ဒူတာတေးလက်ထက် ဖော်ဆောင်တဲ့ အငြင်းပွားဖွယ် မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲအတွင်း လူသေဆုံးတာတွေနဲ့ ပတ်သက်ပြီး ရပ္ပလာ သတင်းစာရဲ့ ဝေဖန်ထောက်ပြမှု ဆန်ဆန် သတင်းဖော်ပြမှုတွေက သမ္မတ ဒူတာတေးကို ဒေါသထွက်စေခဲ့တယ်လို့ သတင်းလွတ်လပ်မှု ပညာပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဇန်နဝါရီလက စလို့ ရပ္ပလာ သတင်းဌာနအပေါ် စွဲဆိုတဲ့ အမှုပေါင်း ၁၁ မှုရှိလာခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံထဲက သတင်းလွတ်လပ်ခွင့်ကို နိုင်ငံတကာက စိုးရိမ်မှု မြင့်တက်လာပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ