NCA လမ်းကြောင်း ပြန်ပွင့်မလား

အရင်ကတွေ့ဆုံပွဲ မှာ တိုးတက်မှုတွေရှိခဲ့တဲ့အတွက် အခုလိုဆက်လက်တွေ့ဆုံဖို့ ရည်ရွယ်တာဖြစ်တယ်
Image caption အရင်ကတွေ့ဆုံပွဲ မှာ တိုးတက်မှုတွေရှိခဲ့တဲ့အတွက် အခုလိုဆက်လက်တွေ့ဆုံဖို့ ရည်ရွယ်တာဖြစ်တယ်

တပ်မတော်က အပစ်ရပ်ထားတဲ့ နောက်ဆုံးလ ဧပြီလထဲမှာတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ် ဆွေးနွေးပွဲတွေဆက်တိုက် ကျင်းပဖို့ရှိနေပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ- KNPP၊ ကချင်အမျိုးသားအစည်းရုံး- KIO၊ ကရင်အမျိုးသားအစည်းအရုံး- KNU တို့နဲ့လည်း တွေ့ကြဖို့ရှိနေပါတယ်လို့သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မတ်လ ၂၉ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

RCSS ၊ SSPP နဲ့ TNLA လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမယ်လို့ ဦးဇော်ဌေးကပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြန့်ကြာနေတဲ့ အကြောင်း

တကယ်လို့ သူပြောတဲ့အတိုင်း တွေ့ဖြစ်ကြရင်တော့ အစိုးရသက်တမ်း၃ နှစ်အတွင်း အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အတော်ကို အကြိမ်ရေစိတ်တဲ့ တွေ့ဆုံမှု ဖြစ်တယ်လို့လည်း ပြောနိုင်သလို အပစ်ရပ်လက်မှက်ထိုးရေး လမ်းကြောင်း ပြန်ပွင့်ဖို့ကြိုးစားမှုလည်း ဖြစ်နိုင်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။

Image caption NRPCနဲ့RCSS ပြီးခဲ့တဲ့နေပြည်တော်ဆွေးနွှေးပွဲ

ဘာကြောင့်တွေ့ကြတာလဲ

အရင်ကတွေ့ဆုံပွဲမှာ တိုးတက်မှုတွေရှိခဲ့တဲ့အတွက် အခုလိုဆက်လက်တွေ့ဆုံဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဧပြီလအတွင်းမှာ NCA လက်မှတ်ထိုးပြီးသားလက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေရော NCAမထိုးရသေးတဲ့ အဖွဲ့အစည်းတွေကိုပါ တရားဝင်တွေ့ဆုံပြီး အရင်ကသဘောတူထားတဲ့ကိစ္စတွေကို ဆက်လက်ညှိနှိုင်းသွားမယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

"ပြီးခဲ့တဲ့နေပြည်တော်ဆွေးနွှေးပွဲကအကြောင်းရာတွေကို ဆက်ဆွေးနွေးတာပါ NCAလည်းပါတာပေါ့ "ဆိုပြီး KNPP ရဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ခူးဒယ်နီယမ် ကပြောပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်က KNU ထိန်းချုပ်တဲ့နယ်မြေတချို့မှာ တပ်မတော်နဲ့ KNUတပ်ဖွဲ့ဝင်တွေအကြား ထိတွေ့မှုတွေဖြစ်နေတဲ့အတွက် တွေ့ဆုံဆွေးနွေးလိုတယ်လို့ KNUက ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်က ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေး၊ ရှမ်းပြည်နယ်ကဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် အဖြေရှာညှိနှိုင်းဖို့ တိုက်ပွဲဖြစ်ပွားတဲ့ဒေသမှာရှိတဲ့ RCSS ၊ SSPP နဲ့ TNLA လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Alamy
Image caption ရခိုင်ပြည်နယ်မှာ အခြေချဖို့ ကြိုးစားနေတဲ့ရက္ခိုင့်တပ်မတော် ဆွေးနွေးပွဲမှာ မပါပါ။

ဘယ်အဖွဲ့တွေတွေ့မှာလဲ

အစိုးရဘက် က တွေ့ဖို့ စီစဉ်ထားတဲ့ အထဲမှာ RCSS ၊ SSPP နဲ့ TNLA၊ KNPP၊ KNU၊ KIO တို့ဖြစ်ပါတယ်။

KIO နဲ့က နှစ်ကြိမ် ဖြစ်ပါတယ် ဒါအပြင် တပ်မတော် က ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ အဖွဲ့တွေနဲ့လည်း ဆက်လက်တွေ့ဆုံဖို့ရှိပါတယ် ဦးဇော်ဌေး က ပြောပါတယ်။

ဧပြီလအတွင်းမှာ NCA လက်မှတ်ထိုးပြီးသား လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်း တွေရော NCA မထိုးရသေးတဲ့ အဖွဲ့အစည်းတွေကိုပါ တရားဝင်တွေ့ဆုံပြီး အရင်ကသဘောတူ ထားတဲ့ကိစ္စတွေကို ဆက်လက် ညှိနှိုင်းသွားမယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

ဒါပေမဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ရက္ခို့င်တပ်မတော်နဲ့ တွေ့ဆုံဖို့တော့ပါဝင်တာကို မတွေ့ရပါဘူး။

KIA ကတော့ အပစ်ရပ်လက်မှက်ထိုးဖို့ ကတိကဝတ် အကြောင်းပြန်ဖို့ ရှိသလို ကချင်ပြည်နယ်က ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေး တွေ့ဆုံဆွေးနွေးမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

နောက်တစ်ဆင့်ကဘာဖြစ်မလဲ

ဦးဇော်ဌေး အပြောအရဆိုရင်တော့ ပိတ်ဆို့နေတဲ့ အပစ်ရပ်လက်မှက်ထိုးရေးလမ်းကြောင်း ပြန်ပွင့်ဖို့အစိုးရဘက်က ကြိုးစားတာဖြစ်နိုင်ပါတယ်။

သို့သော် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့ တပ်ရဲ့ သဘောထားကလည်းရှိပါသေးတယ်။

နေပြည်တော် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားမှာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မိန့်ခွန်းမှာ ပြောသွားတာကတော့ NCA လမ်ကြောင်းကနေ အပစ်ရပ် လက်မှက်ထိုးရေး၊ ဖက်ဒရယ်အရေးတွေ ပြောသွားတာရှိတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ပြောတာနဲ့ နည်းနည်းတော့ကွဲနေပါသေးတယ်။

အခုလို ဆွေးနွေးပွဲတွေဆက်တိုက် ကျင်းပလာနိုင်တာကတော့ ကောင်းတဲ့ အလားလာ ဖြစ်တယ်လို့ လည်း အကဲခတ်တွေက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့နဲ့ တပ်မတော်အကြား အပစ်အခတ် ရပ်စဲ ကာလ လေးလဟာ ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ လုံလောက်တဲ့အချိန်ကာလဖြစ်တယ်လို့ တပ်မတော်က ကျင်းပတဲ့ မတ်လ၂၅ ရက် နေပြည်တော်၊ တပ်မတော်စစ်သမိုင်းပြတိုက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချူပ်စိုးနိုင်ဦးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption စိတ်ကူးယဉ်ပြီး မဖြစ်နိုင်တာတွေ မတောင်းဆိုကြဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီမှ ဥက္ကဌ ဗိုလ်ချုပ် စိုးနိုင်ဦး ကပြောပါတယ်။

တပ်ရဲ့သဘောထား

ငြိမ်းချမ်းရေးဆောင်ရွက်တဲ့အခါမှာ တချို့သော တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ မဖြစ်နိုင်တာတွေကို မတောင်းဆိုဖို့လိုတယ်လို့ ဗိုလ်ချူပ်စိုးနိုင်ဦးကပြောပါတယ်။

တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲရေးကို မကြေညာတဲ့နေရာက တိုက်ပွဲတွေပိုပြီးများလာပြီး ကြေညာလိုက်တဲ့နေရာမှာ လျော့ကျသွားတာ တွေ့ရတဲ့အတွက် မကြေညာသေးတဲ့ နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကိုလည်း အပစ်ရပ်နယ်မြေအဖြစ် သတ်မှတ်ရင်တော့ တိုက်ပွဲတွေက လျော့သွားမှာ ဖြစ်ပါတယ်လို့ ရက္ခိုင့်တပ်မတော်ကပြောခွင့်ရသူ ဗိုလ်မှူးကြီးကျော်ဟန်က ပြောပါတယ်။

အပစ်ရပ်စဲရေးကာလ လေးလကို ရက် တိုးပေးဖို့ ရှိပါသလားလို့ မတ်လ၂၅ ရက် နေပြည်တော်၊ တပ်မတော်စစ်သမိုင်းပြတိုက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းတာ ကိုတော့ လေးလဟာ လုံလောက်တယ်လို့ပဲဖြေဆိုခဲ့ပါတယ်။

ပိတ်ဆို့နေတဲ့ အန်စီအေလမ်းကြောင်း ပြန်ပွင့်မလား

အစိုးရကတော့ NCAလမ်းကြောင်း ပြန်ပွင့်ဖို့ ကြိုးစားတာကတော့သိပ်ကိုထင်ရှားပါတယ်။

တပ်သဘောထားကတော့ ဧပြီလကုန်ရင် စစ်တိုင်းငါးတိုင်းမှာ ရပ်ထားတဲ့ အပစ်ရပ် ကာလဟာ ထပ်တိုးဖို့မရေရာလှပါဘူး။

အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့တွေ တွေ့ဆုံရေးကို အခုလိုအစိုးရဘက် က ပြောလာပေမဲ့ တပ်သဘောထား တင်းမာနေသလို ၊ရခိုင်တိုက်ပွဲ တွေကလည်း ပြင်းထန်နေဆဲဖြစ်တော့ တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား ဆွှေးနွေးပွဲဖြစ်အောင် စီစဉ်ရတာကအတော်ခက်တယ်လို့ ပြောရမှာဖြစ်ပါတယ်။