ရန်ကုန်တိုင်းစစ်ဌာနချုပ် ငွေလှူတာကို သာသနာရေးက သွယ်ဝိုက်ဝေဖန်

ဓာတ်ပုံ မူပိုင် Empics
Image caption ရန်ကုန်တိုင်းစစ်ဌာနချုပ်ကဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ကျပ်ငွေ သိန်း၃၀၀ လှူဒါန်းတာနဲ့ပက်သက်ပါတယ်။

မဘသ အမည်ပြောင်း အဖွဲ့ ကိုရန်ကုန်တိုင်းစစ်ဌာနချုပ်က ကျပ်ငွေ သိန်း၃၀၀ လှူဒါန်း တာနဲ့ ပတ်သက်လို့ ဇွန်လ ၂၇ ရက်နေ့စွဲ နဲ့ သာသနာရေးက ထုတ်ပြန်ချက်ထုတ်ပြီး သွယ်ဝိုက်ဝေဖန် လိုက်ပါတယ် ။

အဲဒီထဲမှာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ က တရားမဝင်ဟု သတ်မှတ်ထားတဲ့ အဖွဲ့ဖြစ်ပြီး ဒီ အဖွဲ့ကို အဖွဲ့အစည်းကြီးတစ်ခုကငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့ခြင်းဟာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း အများပြည်သူက ရှုမြင်ကြပါသည် လို့လည်းရေးသားပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်ကဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ကျပ်ငွေ သိန်း၃၀၀ လှူဒါန်းတာနဲ့ပက်သက်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ ပြန်ပြီးရှင်းထားပါတယ် ။

မဘသ အဖွဲ့အမည်ပြောင်း ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေး ရှင်(ဗဟို)ကို ဇွန်လ ၁၇ ရက်နေ့ကျင်းပတဲ့ နှစ်ပတ်လည်ညီလာခံမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ငွေလှူဒါန်းခဲ့တာဟာ သံဃာကိုရည်မှန်းပြီး လှူတာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ဘက်က ပြန်လည် ရှင်းလင်းပါတယ်။

တရားမဝင်ကြောင်း ကြေညာထားတဲ့ မဘသ အမည်ပြောင်း ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေး ရှင်း (ဗဟို) နှစ်ပတ်လည်ညီလာခံမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က ကျပ်သိန်း ၃၀၀ လှူ ဒါန်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မဘသ အဖွဲ့အမည်ပြောင်း ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေး ရှင်း ကိုတရားမဝင် အဖွဲ့စည်းအဖြစ် မဟနက ထုတ်ပြန်ထားတာကိုလည်း သိရှိထားကြောင်း သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက် တစ်ဦး မေးမြန်းတာကိုတပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီရဲ့အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဦးဝီရ သူရဲ့ဟောပြော မှုတွေ ဟာအမုန်းစကားတွေလို့ သာသနာရေးကပြောပါတယ် ။

ဒါ့အပြင် ဦးဝီရ သူရဲ့ဟောပြော မှုတွေနဲ့ ပက်သက်ပြီး အင်တာနက်စာမျက် များတွင် ရေးသားမှုများ ၊တရားပွဲများ၊ အခမ်းအနားများမှာပြောခဲ့တာတွေဟာ အမုန်းစကားတွေဖြစ်တယ်လို့လည်းသာသနာရေးကပြောပါတယ် ။

သာသနာရေးက ထုတ်ပြန်ချက်မှာတော့ တပ်မတော်က လှူတာ ကိုတိုက်ရိုက် မဖော်ပြ သလို အခုလို လှူတာ ဟာနိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း အများပြည်သူက ရှုမြင်ကြပါသည် လို့ ပြောတဲ့ အတွက် ဦးဝီရသူကို ဝေဖန်သလို တိုက်ရိုက် ဝေဖန်တာ မျိုး မဟုတ် ပါဘူး ။

အခုလို အမျိုးဘာသာသာသနာကို အကြောင်းပြုပြီး အခြေအနေအရပ်ရပ်ကို ရှုပ်ထွေးအောင် ဆောင်ရွက်နေသည့် တရားမဝင်အဖွဲ့အစည်းများကို အချိန်မီရှင်းလင်းဖယ်ရှားခြင်း မပြုနိုင်ပါက အမျိုးဘာသာ သာသနာ ဂုဏ်သိက္ခာဟာ အဖတ်ဆယ်၍မရအောင် ထိခိုက်ကျဆင်းသွားနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ဆက်စပ် အကြောင်းအရာများ