တရုတ်နိုင်ငံက ထူးဆန်းတဲ့ အဆုတ်ရောင် ရောဂါဗိုင်းရပ်စ် ကူးစက်မှု ရန်ကုန်၊ မန္တလေး ၊နေပြည်တော် လေဆိပ်ခရီးသွားတွေကို စစ်ဆေးနေ

ဓာတ်ပုံ မူပိုင် CDC Myanmar
Image caption ရန်ကုန်လေဆိပ် စက်နဲ့စစ်ဆေးစောင့်ကြည့်မှု

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် လေဆိပ်သုံးခုမှာ ခရီးသွားတွေကို တရုတ်နိုင်ငံက ထူးဆန်းတဲ့ အဆုတ်ရောင် ရောဂါဗိုင်းရပ်စ် ကူးစက်မှု ရှိ၊ မရှိ အဓိက စောင့်ကြည့်စစ်ဆေးနေတယ်လို့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာ န ကျန်းမာရေးဦးစီးဌာန ကပြောပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မှာပြင်းထန်တဲ့ အဆုတ်ရောင်ရာဂါတစ်မျိုး ဖြစ်ပွားနေပြီး မြန်မာနိုင်ငံ ကိုလာရောက်တဲ့ ခရီးသွားတွေကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် တွေကနေ ဖျားနာမှုရှိ၊ မရှိ စက်တွေနဲ့ ၂၄ နာရီ စောင့်ကြည့်စစ်ဆေးနေတာဖြစ်တယ်လို့ လည်းကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာ န ကျန်းမာရေးဦးစီးဌာန က ပြောခွင့်ရသူ ဒုတိယညွှန် ကြားရေးမှုးဒေါက်တာခင်ခင်ကြီး ကပြောပါတယ် ။

အဲ့ဒီရောဂါဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်ပြီး တရုတ်နိုင်ငံဝူဟန်မှာမှာ စတင်ဖြစ်ပွားနေပြီးလက်ရှိမှာတော့ စင်ကာပူ၊ ထိုင်းနှင့် ဟောင်ကောင်တို့မှာ အဆိုပါရောဂါ သံသယရှိ လူနာတွေ တွေ့ရှိနေရတယ်လို့ လည်း ကျန်းမာရေးဦးစီးဌာန ကပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ကတော့ တရုတ်နိုင်ငံမှာ ထူးဆန်းတဲ့ အဆုတ်ရောင် ရောဂါဗိုင်းရပ်စ်တမျိုးကူးစက်ခံရသူ လူနာတဦး သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင် စီစီတီဗွီသတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် MOHS
Image caption နိုင်ငံအဆင့်ကော်မတီဖွဲ့ပြီးဆောင်ရွှက်နေ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့ကနေ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ခရီးသည်တွေအနေနဲ့ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း စ တဲ့တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာတွေ လက်ရှိ ဖြစ်ပွားလျက်ရှိပါက (သို့မဟုတ်) လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့ပါက (သို့မဟုတ်) ပြန်လည်ရောက်ရှိပြီး (၁၄) ရက်အတွင်း အဆိုပါရောဂါလက္ခဏာများ ဖြစ်ပွားပါက လေဆိပ်ကျန်းမာရေးဌာန နဲ့နီးစပ်ရာကျန်းမာရေးဌာနများမှာ ကျန်းမာရေးအား အခမဲ့ ကုသပေးနိုင်ရေးအတွက် အမြန်ဆုံး သတင်းပေးပို့ဆောင်ရွက်ဖို့လည်း ကျန်းမာရေးဦးစီးဌာန ကပြောပါတယ်။

လက်တလာမှာတော့ မြန်မာနိုင်ငံမှာ ရောဂါ သံသယရှိသူကို မတွေ့ရသေးဘူးလို့ လည်းဒေါ်ခင်ခင်ကြီးကပြောပါတယ်။

မြန်မာနိုင်ငံကလေဆိပ် ၃ ခုအနက် တရုတ်နိုင်ငံ ဝူဟန်မြို့နဲ့တိုက်ရိုက်လေယဉ် ပြေးဆွဲနေတဲ့ မန္တလေးလေဆိပ်ကို အဓိကစောင့်ကြည်နေတယ်လို့ လည်း ဒေါ်ခင်ခင်ကြီးကပြောပါတယ်။

ဝူဟန်ကနေ တနင်္လာ သောကြာ တိုက်ရိုက် လေယာဉ်ရှိတော့ အဲဒီရက်တွေမှာ ပိုပြီးအားဖြည့်ပြီးစောင့်ကြည်နေပါတယ်လို့ လည်း သူကပြောပါတယ်။

နယ်စပ်ဂိတ် တွေဖြစ်တဲ့ မူဆယ်၊ တာချီလိတ်နှင့် မြဝတီဂိတ်တို့ လာရောက် တဲ့ခရီးသွားတွေကိုတော့ စက်နဲ့စစ်ဆေးတာတွေ တော့ မလုပ်နိုင်သေးပါဘူး ။

ဓာတ်ပုံ မူပိုင် Empics
Image caption ဘန်ကောတ်လေဆိပ် ဝူဟန်ဗိုင်းရပ်စ်စောင့်ကြည့်မှု

စော့်ကြည့်နေတဲ့လေဆိပ်တွမှာ ကျန်းမာရေးဌာနထားရှိသလို အရေးပေါ်လူနာတင်ယာဉ် တွေ ကျန်းမာရေး အသုံးဆောင်ပစ္စည်းတွေ ကရီယာ တွေ အဆင့်သင့်ပြင်ထားသလို ရောဂါတွေ့ရင်လည်း ကူးစက်ရောဂါကိုဆေးရုံတွေကို တိုက်ရိုက်ပို့ဖိုလည်းပြင်ဆင်ထားတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးကပြောပါတယ် ။

အဆိုပါရောဂါသည်တွေဟာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း စသည့်တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာတွေ ခံစားရမှာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကေပြောပါတယ်။

ရောဂါကူးစက်မှုလက္ခဏာတွေ့ရှိပါက ရန်ကုန်တိုင်းဒေသကြီးတွင် ဝေဘာဂီဆေးရုံ၊ မန္တလေးတွင် မန္တလေးဆေးရုံကြီးနှင့် နေပြည်တော်တွင် ခုတင် ၁၀၀၀ ဆေးရုံတို့သို့ ပို့ဆောင်ပေးနိုင်ရန် ညွှန်ကြားထားသလို လေဆိပ်များတွင်လည်း ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်ထားကြောင်းလည်း ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။။

ဒီရောဂါဖြစ်ပွားသူ အချို ဟာပင်လယ်စာထုတ်လုပ်ရောင်ချ သူတွေ အချို့ပါဝင်နေတာတွေ့ရပေမယ့် ပင်လယ်စာထုတ်လုပ်ရေးလုပ်ငန်းတွေ ကနေ စတင်ခဲ့တယ်၊ ဒါမှ မဟုတ်တိရစ္ဆာန်ကနေ လူကို ကူးစက်တယ်စသဖြင့် အတိအကျ မပြောနိုင်သေးဘူးလို့ လည်း ဒေါက်တာခင်ခင်ကြီးကပြောပါတယ် ။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့ မှာ ဖျားခြင်းနဲ့ အသက်ရှူရခက်ခဲခြင်း ရောဂါလက္ခဏာများဖြင့် Viral Pneumonia လူနာတစ်ဉီး တွေ့ရှိခဲ့ပြီး ဇန်နဝါရီ၅ရက်နေ့အထိ ရောဂါဖြစ်ပွားသူ (၅၉) ဦး ရှိခဲ့ပါတယ်။ ရောဂါလက္ခဏာခံစားရသူ လူနာတွေအနက် လူနာ (၇) ဦးဟာရောဂါပြင်းထန်လျက်ရှိကြောင်းနှင့် ရောဂါဖြစ်ပွားသူတွေနဲ့ ထိတွေ့ခဲ့သူ (၁၆၃) ဉီး ကို စောင့်ကြည့်လျက်ရှိပါတယ်။ လတ်တလောအချိန်ထိ သေဆုံးသူလူနာ မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စာရင်းဇယားများအရ သိရှိရပါတယ်။

မြန်မာနိုင်ငံမှာ တော့လေဆိပ် ၃ ခုကနေ ခရီးသွားတွေ အကုန်စောင့်ကြည်တယ်ဆိုပေမယ့်တရုတ်နိုင်ငံဝူဟန် ကလာတဲ့ ခရီးသွားတွေကို အဓိက စောင့်ကြည့်နေတာဖြစ်တယ် လို့လည်း ဓေါ်ခင်ခင်ကြီးကပြောပါတယ်။