ကျပ်သိန်း ၃ ထောင် အာမခံယူထားသူ ရုံးချိန်းကိုရောက်မလာတဲ့ ဆေးခြောက်စိုက်ခင်းအမှု

မရွှန်းလဲ့မြိုင်လည်း ဒီနေ့ ကျန်းမာရေးအာမခံလျှောက်ထား
Image caption မရွှန်းလဲ့မြိုင်လည်း ဒီနေ့ ကျန်းမာရေးအာမခံလျှောက်ထား

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်အတွင်း ဧက ၂၀ ခန့်ရှိဆေးခြောက်စိုက်ခင်းနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ သား ဟာ တရားရုံးကို ရောက်မလာတဲ့ အတွက် အာမခံပေးထားတဲ့ ဒေါက်တာခင်မောင်ဝင်း တရားရုံးကို လာရောက်ခဲ့ရပါတယ် ။

ကျန်းမာရေး အာမခံရရှိသူ အမေရိကန်နိုင်ငံသား Mr.John Fredric Todoroki ကို ဒီလ ၂၇ ရက်နေ့နောက်ဆုံးထားပြီး တရားရုံးကို ခေါ်လာဖို့ အာမခံပေးခဲ့သူကို ဒီနေ့ တရားရုံး ဆင့်ခေါ်ပြီးရုံးချိန်းပေးလိုက်တယ်လို့ မြင်းခြံခရိုင် တရားရုံးကပြန်ကြားရေးတာဝန်ခံ ဒေါ်တင်သန်း ကပြောပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံသား ဖမ်းဆီးခံခဲ့ရပြီးနောက် အမှုရင်ဆိုင်နေချိန်မှာပဲ ဇူလိုင်လမှာ နိုင်ငံခြားသားကို ကျပ်သိန်း ၃ ထောင်နဲ့ ကျန်းမာရေးအာမခံ တရားရုံး ကခွင့်ပြုပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံသားနဲ့ အတူ ဖမ်းဆီးခံထားရ တဲ့ မရွှန်းလဲ့မြိုင်လည်း ဒီနေ့ ကျန်းမာရေးအာမခံလျှောက်ထားခဲ့ပါတယ်။

Image caption ဆေးခြောက်စိုက်ခင်း အမှုကအဖမ်းခံရသူ မြန်မာနိုင်ငံသား တစ်ဦး

လာမယ့်ဇန်နဝါရီလ ၂၇ ရက်နေ့ မှာ မစ္စတာဂျွန်ရောက်လာတယ်ဆိုရင်တော့ အမှု ကို ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပြီး ရောက်မလာခဲ့ဘူး ဆိုရင်တော့ အာမခံပေးထားသူကို ရာဇဝတ် ကျင့်ထုံးပုဒ်မ ၅၁၄ အရ တရားရုံးက ဆက်လက်ဆောင်ရွှက်သွားမယ်လို့ မြင်းခြံခရိုင် တရားရုံး-ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။

ဒီပုဒ်မ ထဲမှာ တော့ အာမခံပေးသူဟာ အာမခံထားတဲ့ ငွေကို ဘယ်လိုပေးလျော်မလဲ ဆိုတာ တင်ပြရမှာ ဖြစ်ပြီး အရစ်ကျပေးလျော်ဖို့လည်းတရားရုံးကိုလျောက်နိုင်တယ်လို့ လည်းတရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကပြောပါတယ်။ ။

အမှုစစ်ဆေးပေါ်ပေါက် ချက်ပေါ်မှာ မူတည်ပြီးတော့ အာမခံ ငွေလျော်တာအပါအဝင် ပြစ်ဒဏ်တွေကို

တရားရုံးက ရဲ့စစ်ဆေးပေါ်ပေါက်ချက် အရ ဆောင်ရွှက်သွားမယ်လို့လည်း ဒေါ်တင်သန်းကပြောပါတယ်။

Image caption တရားရုံးက ရဲ့စစ်ဆေးပေါ်ပေါက်ချက် အရ ဆောင်ရွှက်သွားမယ်

ကျန်းမာရေး အာမခံရရှိသူ အမေရိကန်နိုင်ငံသား Mr.John Fredric Todoroki လွန်ခဲ့တဲ့ ၃လခန့်က ဆက်သွယ်မရ ဖြစ်နေတယ်လို့ သူ့ရဲ့ရှေ့နေ ဦးသိန်းသန်းဦး က ပြောပါတယ်။

ဆေးခြောက်မျိုးနွယ်ပင် တစ်မျိုးဖြစ်တဲ့ စက်မှုလျှော်ပင် Industrial Hemp ကို တရားဝင် စိုက်ပျိုးခွင့်ပေးနိုင်ဖို့အတွက် လက်ရှိ မူးယစ်ဆေးဝါးဥပဒေကို ပြင်ဆင်ဖို့ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျေးလက်ဒေသဖွံဖြိုးရေး ကော်မတီက လုပ်ဆောင်နေပါတယ်။

စက်မှုလျှော်ပင်မှာ မူးယစ်ထုံထိုင်းစေတဲ့ အာနိသင် ဝ.၃ ရာခိုင်နှုန်းလောက်ပဲ ပါတာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကလည်း အပင်တွေကို ဆေးခြောက်ပင်လို့ မသတ်မှတ်ဘဲ မူးယစ်ဆေးဥပဒေထဲမှာ ထည့်သွင်းသတ်မှတ်ဖို့ သဘောတူထားပြီလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျေးလက်ဒေသဖွံဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းက ပြောခဲ့ပါတယ်။

ဒီနေ့တရားရုံးမှာ တော့ သံသယ တရားခံ ဘက်ကရှေ့နေတွေက စိုက်ခင်းက Industrial Hemp တွေကို မူးယစ်ထုံထိုင်းထိုင်းတဲ့ ဒြပ်ပေါင်းရာခိုင်နှုန်းပေါ်မူတည်နေတာကြောင် တိတိကျ ကျသိနိုင်အောင် ဓာတ်ခွဲစမ်းသပ်ပေးဖို့ကို လည်းတရားရုံးကို တင်ပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် CCDAC Myanmar
Image caption အမေရိကန်နိုင်ငံသား Mr.John Fredric အလယ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ် စီမံကိန်းအတွင်းမှာ စိုက်ပျိုးထားတဲ့ စိုက်ခင်းကို မန္တလေးတိုင်း ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများကဧပြီလ ၂၂ ရက်က ဝင်ရောက် စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် နမူနာယူ ဓာတ်ခွဲ စမ်းသပ်ရာ မှာဆေးခြောက် (Cannabis) ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့တာကြောင့် စိုက်ခင်းတာဝန်ခံ နှစ်ဦးနဲ့ အမေရိကန်နိုင်ငံသား တစ်ဦး ကို ဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။

ဆေးခြောက်အပင်ပေါင်း ၃ သိန်းကျော် ခန့်၊ စိုက်ပျိုးထားတာ စစ်ဆေးတွေ့ရှိရကြောင်းနဲ့ ပျိုးပင် ၅၂၀ဝ ၊ ဆေးခြောက်အစေ့ (မျိုးစေ့) ၃၈၀ ကီလိုဂရမ်၊ ဆေးခြောက်အဆီ ၁,၈၀၄ ဂရမ်၊ ဆေးခြောက် ၂၇၀.၅ ကီလိုဂရမ်အပါဝင် ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ပြီး ရှိန်းလတ်(၃၇)နှစ်၊ မရွှန်းလဲ့မြတ်နိုး(၂၃)နှစ်၊ အမေရိကန်နိုင်ငံသားတွေဖြစ်ကြတဲ့ Mr. John Fredric Todoroki (၆၃)နှစ်နှင့် Mr. Alexander Skemp Todoroki (၄၉)နှစ်(စုံစမ်းဆဲ)တို့ကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ မူးယစ်ယစ်ဗဟိုက ထုတ်ပြန်ထားပါတယ်။

ဒီအမှုဟာတိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ကို အလွန်ထိခိုက်ပါတယ် ၊ဒီစိုက်ခင်းဟာမန္တလေးတိုင်းဒေသကြီးအစိုးရ ကိုတရားဝင်ခွင့်ပြုမိန်တောင်းပြီးတော့ ခွင့်ပြုထားတဲ့၊ လယ်ဆည် ဝန်ကြီးဌာန နဲ့ နားလည်မှု စာချွှန်လွှာထိုးထားတဲ့ စိုက်ခင်းဖြစ်ရဲ့ သားနဲ့ အဖမ်းခံလိုက်ရတော့ နိုင်ငံတကာ ကရင်းနှီးမြုပ်နှံမှု လာဖို့ ကအတော်ကြောက်သွားကြတယ် လို့လည်းဦးသိန်းသန်းဦးကပြောပါတယ် ။