အမေရိကန်နဲ့ ဂျပန်နိုင်ငံသားတွေ ဝူဟန်ကနေထွက်ခွာခွင့်ရ၊ မြန်မာကျောင်းသားတွေ ကျန်နေဆဲအပါအဝင် ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းများ

လေယာဉ်တွေဆိုက်ရောက်တာကိုလည်း မြန်မာသံရုံးက မြန်မာကျောင်းသားတွေကို ဆက်သွယ် အသိပေးခဲ့တယ်လို့ ဝူဟန်ရောက်မြန်မာကျောင်းသားအချို့ထံကသိရပါတယ်။
ဓာတ်ပုံ ပုံစာ,

ဝူဟန်ဆေးရုံမှာ လူနာတွေ စုပြုံနေ

အမေရိကန်နဲ့ ဂျပန်နိုင်ငံသားတွေ ဝူဟန်ကနေထွက်ခွာခွင့်ရ၊ မြန်မာကျောင်းသားတွေ ကျန်နေဆဲ

ကိုရိုနာဗိုင်းရပ် စတင်ပြန့်ပွားရာ ဝူဟန်မှာပိတ်မိနေတဲ့ နိုင်ငံခြားသာတွေထဲက ရာချီတဲ့ နိုင်ငံခြားသား တွေ ဝူဟန်ကနေပြီး စတင်ထွက်ခွာခွင့်ပြုလိုက်ပါတယ်။

ဂျပန်နဲ့ အမေရိကန်နိုင်ငံသားတွေပါတဲ့ လေယာဉ်ကတော့ ဝူဟန်ကနေထွက်ခွာသွားပါပြီ။ ဒါကလည်း ပြင်သစ်က သူတို့နိုင်ငံသားတွေကို ဝူဟန်ကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုပြီချိန်၊ ဒါ့အပြင် ဥရောပသမဂ္ဂ ကလည်း ဥရောပသားတွေကို ပြန်လည်ထွက်ခွာရေးကူညီပေးပါလို့ တောင်းဆိုအပြီးမှာ အခုလိုထွက်ခွာခွင့် တွေပေးခဲ့တာဖြစ်ပါတယ်။

ဝူဟန်မှာ ကိုရိုနာဗိုင်းရပ်အသစ်ကူးစက်တဲ့ ဦးရေးကတိုး နေသလို၊ သေဆုံးမှုနှုန်းကလည်း တိုးလာနေတဲ့အချိန်မှာအဲဒီလိုထွက်ခွာခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ,

တရုတ်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ၂ဆ တိုး

ညပိုင်းကတည်းက အမေရိကန်လေယာဉ်တွေဆိုက်တယ်ဆိုတာကို သိကြတယ်လို့ မြန်မာကျောင်းသား အချို့က ဘီဘီစီကို ဇန်နဝါရီ ၂၉ရက်နေ့မှာ ဖြေကြားပါတယ်။

အဲဒီလို လေယာဉ်တွေဆိုက်ရောက်တာကိုလည်း မြန်မာသံရုံးက မြန်မာကျောင်းသားတွေကို ဆက်သွယ် အသိပေးခဲ့တယ်လို့ ဝူဟန်ရောက်မြန်မာကျောင်းသားအချို့ထံကသိရပါတယ်။

ဒါပေမယ့် မြန်မာကျောင်းသားတွေ ပြန်ရမယ့်အချိန်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဝူဟန်နည်းပညာ တက္ကသိုလ်က ကျောင်းသူတဦးက ဘီဘီစီကိုပြောပါတယ်။

ဗီဒီယို ပုံစာ,

ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ တရုတ်ပိုကြိုးစာလာ

ကိုရိုနာဗိုင်းရပ်က နတ်ဆိုး သဖွယ်ဖြစ်ပေမယ့် အနိုင်ယူတိုက်ထုတ်မယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။

အခုထိတော့ သေဆုံးသူအရေအတွက် ၁၃၀ကျော်အထိရှိလာပြီး၊ ကူးစက်ခံရသူ ၆၀၀၀ လောက်ရှိနေပါပြီ။ နိုင်ငံ ၁၆ နိုင်ငံအထိကိုလည်း ရောဂါပိုးက ပျံ့နေပါပြီ။ အဲဒီကူးစက်သွားတဲ့နိုင်ငံတွေမှာတော့ သေဆုံးတာ တော့မရှိသေးပါဘူး။

ဘေဂျင်းက မြန်မာသံရုံးကို ဘီဘီစီက ဆက်သွယ်ထားပေမယ့် အဆက်အသွယ်တော့မရသေးပါဘူး။

ဝူဟန်မှာကျောင်းသွားတက်နေတဲ့ မြန်မာကျောင်းသားအယောက် ၆၀လည်း ပြန်လာခွင့်မရသေးဘဲ၊ ပိတ်မိနေတာပါ။

ဗီဒီယို ပုံစာ,

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် မြို့ကြီးတချို့မှာ အဝင်အထွက်တွေ ပိတ်ထား

ဓာတ်ပုံ ပုံစာ,

မူလထက် ဆယ်စုနှစ်တခုကျော်လောက် သွေးဆုံးချိန် ပိုနောက်ကျအောင် အမျိုးသမီးတွေက လုပ်ဆောင် နေကြတာပါ

အမျိုးသမီးတွေ သွေးဆုံးချိန်ကို ဆယ်နှစ်ကျော်ကြာအောင် ပြုလုပ်တာတွေရှိနေပြီ

ဆယ်စုနှစ် တခုကျော်လောက် သွေးဆုံးချိန်နောက်ကျအောင် အမျိုးသမီးတွေ လုပ်နေကျတဲ့အပေါ် ကျွမ်းကျင်သူတွေကတော့ စိုးရိမ်ပူပန်မှု တွေရှိနေကြပါတယ်။

မူလထက် ဆယ်စုနှစ်တခုကျော်လောက် သွေးဆုံးချိန် ပိုနောက်ကျအောင် အမျိုးသမီးတွေက လုပ်ဆောင် နေကြတာပါ။ အဲဒီလိုလုပ်တာက ရေရှည်အတွက် လုံခြုံစိတ်ချမှုရှိမရှိနဲ့ အောင်မြင်နိုင်မှု ရှိမရှိဆိုတာ ကိုတော့ စမ်းသပ်မှုတွေမလုပ်ရသေးပါဘူး။

ဒါပေမယ့်လည်း အမျိုးသမီးတချို့ကတော့ အဲဒီလိုလုပ်ဖို့အတွက် ပေါင် ၆ထောင် (မြန်မာငွေနဲ့ဆို သိန်း ၁၂၀ ) လောက် အကုန်ကျခံပြီး လုပ်နေကြပါတယ်။

ဓာတ်ပုံ ပုံစာ,

အဲဒီလိုလုပ်တာက သူတို့အသက်ကြီးတဲ့အချိန်လောက်အထိ သားသမီးတွေရနိုင်သလို၊ သွေးဆုံးလို့ ဖြစ်နိုင်တဲ့ ဝေဒနာတွေကိုလည်း တိုက်ခိုက်နိုင်တယ်လို့ ပြောပါတယ်

အဲဒီလိုလုပ်တာက သူတို့အသက်ကြီးတဲ့အချိန်လောက်အထိ သားသမီးတွေရနိုင်သလို၊ သွေးဆုံးလို့ ဖြစ်နိုင်တဲ့ ဝေဒနာတွေကိုလည်း တိုက်ခိုက်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီဟာတွေကတော့ အမျိုးသမီးတွေမှာ အရိုးပွတာအပါအဝင် အခြားသွေးဆုံးပြီးဖြစ်တဲ့ ရောဂါမျိုးတွေဖြစ် တယ်လို့ သွေးဆုံးချိန်ပိုနောက်ကျ အောင်လုပ်ပေးနေတဲ့ အစီအစဉ်ကို ဖန်တီးခဲ့သူ ဖန်ပွန်သန္ဓေ သားဆိုင် ရာကျွမ်းကျင်သူ ပရောဖက်ဆာ ဆိုင်မွန်က ပြောပါတယ်။

အမျိုးသမီးသားဥအိမ်ထဲက သားဥကဲ့သို့အရာအချိုးအစား အနည်းငယ်ကို ယူပြီး ဆေးပညာဆိုင်ရာ ပြုပြင်မှုတွေပြုလုပ်ပြီးနောက်မှာ ခန္ဓာကိုယ်တွင်းပြန်လည်ထည့်သွင်းပေးတာဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

တိုင်ကြားပြီးမှ ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးခဲ့ပြီး ခြောက်လကြာပြီး နောက်မှာ အခုလိုအငြိမ်းစားပေးတာဖြစ်ပါတယ်။

ရင်းနှီးသူကို Food court လုပ်ပိုင်ခွင့်ပေးတဲ့ မန္တလေးတက္ကသိုလ်ပါချုပ်ကို အငြိမ်းစားပေး

မန္တလေးတက္ကသိုလ်အတွင်းက၊ စားသောက်တန်း (Food court) ကို သူနဲ့ရင်းနှီးသူကိုလုပ်ပိုင်ခွင့်ပေးခဲ့တဲ့ ပါမောက္ခချုပ်ကို အငြိမ်းစားပေးလိုက်တယ်လို့ ဇန်နဝါရီလ ၂၈ရက်နေ့မှာ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိန်းကြီးကိုယ်စား ဒုတိယအတွင်းဝန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။

မန္တလေး တက္ကသိုလ်အတွင်း စားသောက်တန်းတည်ဆောက်ရေးမှာ ထုတ်ပြန် ထားတဲ့ အမိန့်နဲ့ညွှန်ကြား ချက်တွေကို မလိုက်နာလို့ ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို အငြိမ်းစားပေးလိုက်တာလို့ ပါရှိပါတယ်။

အဲဒီလို လုပ်ပိုင်ခွင့်ကိုအသုံးပြုကာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘဲ တက္ကသိုလ်စားသောက်တန်းကို ခွင့်ပြုခဲ့တဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စုံစမ်းစစ်ဆေးပေးဖို့အတွက် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပညာရေးဝန်ကြီးဌာနကို ၂၀၁၉ခုနှစ် နှစ်လယ်ပိုင်းကတည်းက တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဲဒီလိုတိုင်ကြားပြီးမှ ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးခဲ့ပြီး ခြောက်လကြာပြီး နောက်မှာ အခုလိုအငြိမ်းစားပေးတာဖြစ်ပါတယ်။

တိုင်ကြားပြီးနောက်ပိုင်း၊ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးပေမယ့်လည်း အရေးယူခြင်းမရှိခဲ့တာကြောင့် မန္တလေး တက္ကသိုလ်ကကျောင်းသူ၊ ကျောင်းသားတွေက ဇန်နဝါရီ ပထမအပတ်အတွင်းမှာလဲ ဆန္ဒပြ ခဲ့ကြပါသေးတယ်။

အခုစားသောက်တန်းဆောက်လုပ်ခြင်းကို ၂၀၁၈ခုနှစ် သြဂုတ်လကတည်းက ဆောက်လုပ်ခွင့် ခွင့်ပြုပေးခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။