တရုတ်မှာစက်ရုံတချို့ ပိတ်တာကြောင့် မြန်မာအလုပ်သမားတွေ အိမ်ပြန်ဖို့ ခက်ခဲအပါအဝင် မနက်ခင်းသိသင့်တဲ့ သတင်းများ

တရုတ်မှာ စက်ရုံတစ်ချို့ ပိတ်လိုက်တာကြောင့် မြန်မာအလုပ်သမား တစ်ချို့ အိမ်ပြန်ဖို့ ခက်ခဲ

ဓာတ်ပုံ ရင်းမြစ်, NOEL CELIS

ဓာတ်ပုံ ပုံစာ,

တရုတ်မှာ စက်ရုံတစ်ချို့ ပိတ်လိုက်တာကြောင့် မြန်မာအလုပ်သမား တစ်ချို့ အိမ်ပြန်ဖို့ ခက်ခဲ

(၁) တရုတ်မှာ စက်ရုံတစ်ချို့ ပိတ်လိုက်တာကြောင့် မြန်မာအလုပ်သမား တစ်ချို့ အိမ်ပြန်ဖို့ ခက်ခဲ

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ် ဝူဟန်မြို့ ကစပြီးဖြစ်ပွားခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နိုင်ငံက မြို့ကြီးတော်တော်များများမှာ အဝင်အထွက်အသွားအလာတွေ ပိတ်လိုက်သလို မြို့ကြီးတွေက စက်ရုံတွေလည်း ပိတ်ခဲ့ပါတယ်။

ဒီလို စက်ရုံတွေပိတ်လိုက်တာကြောင့် အဲဒီမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေဟာ မြန်မာနိုင်ငံကို မပြန်နိုင်တဲ့အပြင် စားဝတ်နေရေးပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သူတို့ကို ကူညီပေးနေတဲ့ ကွမ်တုံ ပြည်နယ်ထဲက မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ ကိုစိုင်းက ဘီဘီစီကို ပြောပါတယ်။

တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်ထဲမှာလည်း တရားမဝင်လာရောက်ပြီး အလုပ်လုပ်နေတဲ့ မြန်မာ လုပ်သားရာနဲ့ချီရှိနေပြီး တရားဝင်လာတဲ့သူ နည်းပါးတယ်လို့ ကိုစိုင်းက ဆိုပါတယ်။

ကိုစိုင်းက 'စက်ရုံတွေက ပြန်မဖွင့်တော့ဘူး၊ စက်ရုံပိတ်တာပေါ့နော်။ ပိတ်တော့ အတော်လေးဒုက္ခရောက်သွားတယ်။ စက်ရုံမှာ ပိတ်တော့မနေရတော့ တည်းခိုခန်းမှာနေတယ်။ ရောဂါက အခြေအနေဆိုးပြီး လူတွေလည်း အရမ်းသေလာတော့ မြန်မာပြည်သားတွေလည်း လက်မခံရဲတော့ဘူး။ တည်းခိုခန်းတွေလဲ လက်မခံတော့ဘူး ' ဟုဆိုပါတယ်။

အစားအသောက်အတွက် မြန်မာပြည်သားအချင်းချင်း လှူနိုင်ပေမယ့် နေရေးထိုင်ရေးအတွက်ကတော့ မကူညီနိုင်ဖြစ်နေတယ်လို့ ကိုစိုင်းကဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကို Covid-19 (ကိုဗစ် ၁၉) လို့ နာမည်ပေးထားပြီး စတင်ဖြစ်ပွားချိန် ဒီဇင်ဘာ ၂၀၁၉ နဲ့ ဇန်နဝါရီ ၂၀၂၀ က စပြီး လက်ရှိ အချိန်အထိ တရုတ်နိုင်ငံပြင်ပ သေဆုံး သူ ၄ ဦး အပါအဝင် စုစုပေါင်း ၁,၅၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဥရောပမှာ ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှုတစ်ခုလည်း စနေနေ့က ဖြစ်ပွားခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ပိုးရှိကြောင်း အတည်ပြုထားပြီး တရုတ် ခရီးသွားတစ်ယောက် ပြင်သစ်မှာ သေဆုံးခဲ့ကြောင်း ပြင်သစ်ကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။

တရုတ်ပြည်မှာ ကိုရိုနာ ဗိုင်းရပ်စ်ကို ကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကြား ရောဂါကူးစက်မှု အန္တရာယ်ကလည်း ရှိနေပါတယ်။ ကျန်းမာရေး ဝန်ထမ်း ၁,၇၀၀ ကျော် ရောဂါ ကူးစက်မှု ခံယူနေရပြီး ၆ ဦး သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kevin Frayer

ဓာတ်ပုံ ပုံစာ,

ပဋိပက္ခကြောင့် ထွက်ပြေးကြရတဲ့ လှေစီးခရီးသည်များ

(၂) လှေစီးဒုက္ခသည် ၄၈ ယောက်ကို ဧရာဝတီတိုင်းမှာ ဖမ်းမိ

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံကို သွားဖို့ ရည်ရွယ်ထားတဲ့ လှေစီးဒုက္ခသည် ၄၈ ဦးကို ဧရာဝတီတိုင်းမှာ ဖမ်းဆီးရရှိမိခဲ့ပါတယ်။ အခုအဖမ်းခံရတဲ့ လှေစီးဒုက္ခသည်တွေဟာ စစ်တွေမြို့က သက်ကယ်ပြင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တွေလည်းပါဝင်ပြီး အင်ဒိုနီးရှားနိုင်ငံကိုသွားမယ့် အမျိုးသမီးတွေလည်း ပါတယ်လို့သိရကြောင်း သက်ကယ်ပြင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တဦးက ပြောပါတယ်။

မကြာသေးခင်က လည်း လှေစီးဒုက္ခသည် တစ်ရာကျော်ပါတဲ့ ဘင်္ဂလားဒေ့ရှ် လှေတစ်စီး တိမ်းမှောက်နစ်မြှုပ်ခဲ့ပြီး လူ ၁၆ ယောက် သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာဆိုရင် မလေးရှားကိုသွားဖို့ရည်ရွယ်ထားတဲ့ လူ ၁၃၀ ကျော်ပါတဲ့လှေတစ်စီးဟာ ဘင်္ဂလားပင်လယ်အော်က စိန့်မာတင်ကျွန်းနားမှာ တိမ်းမှောက်နစ်မြုပ်သွားပြီး အနည်းဆုံးလူ ၁၆ ယောက်သေဆုံးခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တုန်းကလည်း ကော့သောင်းမြို့က မြန်မာ့ပင်လယ်ပြင်အတွင်းမှာ လှေစီးဒုက္ခသည် ၁၇၃ ဦးကို တပ်မတော်ရေ ကတွေ့ခဲ့တယ်လို့ တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထဲမှာလည်း အမျိုးသမီးနဲ့ ကလေးတွေလည်းပါပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့က တိမ်းမှောက်ခဲ့တဲ့ လှေထဲက ပြန်ဆယ်လို့ရတဲ့ အလောင်းတွေအကုန်လုံးဟာလည်း အမျိုးသမီးနဲ့ကလေးတွေရဲ့ အလောင်း တွေလို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Carl Court

ဓာတ်ပုံ ပုံစာ,

စိန်မင်းသမီး အပျော်စီးသင်္ဘောက အမေရိကန်နိုင်ငံသားတွေကို ခေါ်ထုတ်

(၃) စိန်မင်းသမီး အပျော်စီးသင်္ဘောက အမေရိကန်နိုင်ငံသားတွေကို ခေါ်ထုတ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ ပါတဲ့အတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့အနီးက ယိုကိုဟားမားဆိပ်ကမ်းမှာ သီတင်းနှစ်ပတ်ကြာ သီးခြားခွဲပြီး ဆိုက်ကပ်ထားရတဲ့ Diamond Princess အပျော်စီး သင်္ဘောပေါ်က အမေရိကန်နိုင်ငံသားတွေကို အမေရိကန်က ပြန်လာခေါ်ယူခဲ့ပါတယ်။

အဲဒီအပျော်စီးသင်္ဘောပေါ်မှာ အမေရိကန်နိုင်ငံသား ၄၀ဝ ပါရှိပြီး အယောက် ၄၀ ကတော့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ခံထားရပါတယ်။

ဒါကြောင့် ကူးစက်ခံထားရသူတွေက လွဲလို့ ကျန် အမေရိကန်နိုင်ငံသားတွေကိုတော့ အမေရိကန် အစိုးရကလေယာဉ်နှစ်စီး စေလွှတ်ပြီး ပြန်ခေါ်ခဲ့ပါတယ်။

ဒီစိန်မင်းသမီး (Diamond Princess) အပျော်စီးသင်္ဘောမှာ ပါတဲ့ အမျိုးသားတစ်ဦးဟာ ဟောင်ကောင်မှာ ဆင်းနေခဲ့စဉ်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရတာ တွေ့တဲ့အတွက် အခုလို ယိုကိုဟားမားဆိပ်ကမ်းမှာ ဖေဖော်ဝါရီ ၅ ရက်နေ့က ဆိုက်ကပ်စေပြီး စောင့်ကြည့်နေတာဖြစ်ပါတယ်။

ဗီဒီယို ပုံစာ,

WHO အကြီးအကဲက ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာကြီးအတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်နေပြီလို့ ပြော၊