ကာကွယ်ဆေး ထိုးထားဖို့ အရေးကြီး

ကာကွယ်ဆေး ထိုးထားဖို့ အရေးကြီး

ဖိုင်ဇာ ဘိုင်ယွန်တက် ကုမ္ပဏီရဲ့ ကနဦး စမ်းသပ်ချက်တွေ အရ သူတို့ ကုမ္ပဏီထုတ် ကာကွယ်ဆေး သုံး ကြိမ် ထိုးထားပြီးရင် အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်ကို ကာကွယ်နိုင်စွမ်း ရှိတယ်လို့ ပြောပါတယ်။

နှစ်ကြိမ်ပဲ ထိုးထားပြီးသူတွေကတော့ မျိုးကွဲသစ်ကို အလုံအလောက် ကာကွယ်နိုင်ဖွယ် မရှိဘဲ အားဖြည့် ကာကွယ်ဆေးထိုးထားဖို့ လိုတယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေး ထုတ်လုပ်သူတွေထဲမှာ အိုမီခရွန် ကို ကာကွယ်နိုင်တဲ့ အစွမ်းထက်မှုနဲ့ပတ်သက်ပြီး ဖိုင်ဇာ ဘိုင်ယွန်တက် က အချက်အလက်တွေကို ပထမဆုံး ထုတ်ပြန် လိုက်တာဖြစ်ပါတယ်။

ကိုဘိုဘို ပြောပြပေးပါမယ်။