ပါကစ္စတန်မှာ ဂုဏ်သိက္ခာ အရ သတ်ဖြတ်ခြင်းကို လက်မခံဖို့ ဥပဒေ ပြင်ဆင်

Image caption ဂုဏ်သိက္ခာ အရ သတ်ဖြတ်ခြင်းကို အမျိုးသမီးထု ဆန့်ကျင်

ပါကစ္စတန်မှာ ဂုဏ်သိက္ခာ အရ သတ်ဖြတ်ခြင်း နာမည်ခံအောက် လူသတ်သမားတွေ ပြစ်ဒဏ် ကနေ လွတ်မြောက် နေစေတဲ့ ဥပဒေရဲ့ ချို့ယွင်းချက်ကို ပြင်ဆင် လိုက်ပြီ ဖြစ်ပါတယ်။

ဥပဒေ အသစ်အရ လူသတ်မှု ကျူးလွန်သူ တွေဟာ အနည်းဆုံး ထောင်ဒဏ် ၂၅ နှစ် မဖြစ်မနေ ကျခံ ရမှာ ဖြစ်ပါတယ်။

အရင်တုန်းကတော့ အသတ်ခံ ရသူ မိသားစုက ကျူးလွန် သူကို ကြေအေး ခွင့်လွှတ်နိုင်ခွင့် ပြုခဲ့ပါတယ်။

အခုတော့ သေဒဏ်ကနေ ကင်းလွတ်ခွင့် ရအောင်သာ ကျန်ရစ်သူ မိသားစုက ကြေအေးခွင့် ရှိပြီး၊ ထောင်ဒဏ် ၂၅ နှစ်တော့ အနည်းဆုံး ကျခံ ရမှာ ဖြစ်ပါတယ်။

ပါကစ္စတန်မှာ ပြီးခဲ့တဲ့ နှစ် တစ်နှစ်ထဲ မှာတင် အမျိုးသမီး အယောက် တစ်ထောင့်တစ်ရာ နီးပါးဟာ ဂုဏ်သိက္ခာ အရ သတ်ဖြတ်ခြင်း နာမည်ခံအောက် အသတ်အဖြတ် ခံခဲ့ ရနိုင်တယ်လို့ ပါကစ္စတန် လူ့အခွင့်အရေး ကော်မရှင်က ဆိုပါတယ်။