ဟံသာဝတီ နိုင်ငံတကာ လေဆိပ်သစ် လာမယ့် နှစ်ဆန်းမှာ စဆောက်မယ်

ODA ချေးငွေ တွေ ကို စီမံကိန်းရဲ့ ၅ဝ % အတွက် ကျခံ
လာမယ့် ၂ဝ၁၇ နှစ်ဆန်းမှာ မြန်မာ နိုင်ငံရဲ့ နိုင်ငံတကာ လေဆိပ် အသစ် တစ်ခု အဖြစ် ဟံသာဝတီ လေဆိပ် ကို စတင် တော့မယ်လို့ မြန်မာ အစိုးရက အတည်ပြု ပြောကြား ပါတယ်။
အဲဒီ လေဆိပ်သစ်ကို ဂျပန် JGC ၊ စင်္ကာပူ ယုံနမ်နဲ့ ချန်ဂီ ကုမ္ပဏီ ၃ ခု ပေါင်းပြီး ဒီဇိုင်း ထုတ် တာ ကအစ တည်ဆောက် ရေးနဲ့ ထိန်းသိမ်းရေးတွေ ဆောင်ရွက် ကြမှာ ဖြစ်ပြီး လေဆိပ်သစ်ကို နှစ်ပေါင်း ၃ဝ စီမံခွင့် ရရှိ ထားပါတယ်။
အဲဒီ့ စီးပွားရေး လုပ်ငန်းစု နဲ့ အစိုးရကြား အပြီးသတ် သဘော တူညီချက်ကို ဒီနှစ် အကုန်ပိုင်း မှာ လက်မှတ်ထိုးဖို့ ရှိနေတယ်လို့ လေကြောင်း ပို့ဆောင်ရေး ဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဘီဘီစီကို ပြောပါတယ်။
ဂျပန် နိုင်ငံ ဂျိုင်ကာ JICA အဖွဲ့ နဲ့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF အပါအဝင် နိုင်ငံတကာက မြန်မာ အစိုးရကို ပေးမယ့် ODA ချေးငွေ တွေ ကို စီမံကိန်းရဲ့ ၅ဝ % အတွက် ကျခံ အသုံးပြုမှာ ဖြစ်ပါတယ်။
ဒီ ဟံသာဝတီ လေဆိပ် စီမံကိန်းရဲ့ ကနဦး အဆင့်မှာ အမေရိကန် ဒေါ်လာ ၂.၃ ဘီလျံ ကုန်ကျဖို့ လျာထားပါတယ်။
ရန်ကုန်မြို့ ကနေ မိုင် ၅ဝ အကွာ မြေဧက ၉၆၉ဝ အကျယ်အဝန်း ပေါ်မှာ လေဆိပ်သစ် တည်ဆောက်မှာ ဖြစ်ပြီး တစ်နှစ်ကို ခရီးသည် ၁၂ သန်း ဝင်ထွက် သွားလာနိုင်မယ့် ပထမအဆင့် လေဆိပ် ဆောက်လုပ်ရေး စီမံကိန်းကို ၅ နှစ် အကြာ ၂ဝ၂၂ မှာ အပြီးသတ် နိုင်ဖို့ ရည်ရွယ် ထားတယ်လို့ ဆိုပါတယ်။