TNLA နဲ့ အစိုးရ စစ်တပ်ကြား သီတင်း တစ်ပတ်ကြာ တိုက်ပွဲ ဖြစ်နေ

TNLA
ဓာတ်ပုံ ပုံစာ,

ကျောက်မဲ မြို့နယ် နယ်စပ် ကို အစိုးရ တပ်ဖွဲ့တွေ ဝင်ရောက်

ရှမ်းပြည်နယ်ထဲမှာ တအာင်းလက်နက်ကိုင် TNLA နဲ့ အစိုးရ စစ်တပ်ကြား နေ့တိုင်း နီးပါးလောက် တိုက်ပွဲတွေ ဖြစ်နေတာ သီတင်း တစ်ပတ်လောက် ရှိနေပြီလို့ ဒေသခံ လွှတ်တော် အမတ် တစ်ဦးက ပြောပါတယ်။

TNLA ရဲ့ ဌာနချုပ် ရှိနေတယ် လို့ ယူဆ ထားတဲ့ ပလောင် အုပ်ချုပ်ခွင့်ရ ဒေသနဲ့ ကျောက်မဲ မြို့နယ် နယ်စပ် ကို အစိုးရ တပ်ဖွဲ့တွေ ဝင်ရောက် ထိုးစစ် ဆင်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရှမ်းပြည်နယ် အတွင်း လက်နက်ကိုင် တိုက်ပွဲတွေ ရပ်တန့်ဖို့ ပြည်ထောင်စု လွှတ်တော်မှာရော ပြည်နယ် အဆင့် မှာပါ အဆိုတင်တာ ဆုံးဖြတ်တာတွေ ပြုလုပ် ခဲ့ပေမယ့် လက်တွေ့ မြေပြင်မှာ တိုက်ပွဲ တွေ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

အစိုးရ အနေနဲ့လည်း တိုက်ပွဲတွေ ရပ်တန့်အောင် မဆောင်ရွက် နိုင်ဖြစ်နေတယ်လို့ အဲဒီ့ လွှတ်တော် အမတ်က ဆိုပါတယ်။

လက်နက်ကိုင် တိုက်ပွဲတွေ အရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ စစ်တပ်အကြား လမ်းကြောင်း တစ်ခုထဲနဲ့ မချည်းကပ်နိုင် ဖြစ်နေပြီး ဟန်ချက် ပျက် နေတယ်လို့လည်း သူက ဝေဖန် သုံးသပ် ထားပါတယ်။