ရေယာဉ်မှောက် ခရီးသည် အလောင်းတွေ ထပ်တွေ့

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ပျောက်ဆုံးသူတွေရဲ့ အလောင်းတွေ ပိုတွေ့နိုင်
ချင်းတွင်းမြစ်အတွင်းမှာ နစ်မြုပ်ခဲ့တဲ့ အောင်စိုးမိုးကျော် ရေယာဉ် ပေါ်မှာလိုက်ပါ သွားသူ ခရီးသည်တွေရဲ့ ရုပ်အလောင်း ၂၇ လောင်းကို အောက်တိုဘာလ ၁၇ ရက်နေ့က ထပ်မံ ဆယ်ယူ တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် စုစုပေါင်း ၃၅ လောင်းကို ရှာဖွေရေး အဖွဲ့ တွေက တွေ့ထားပြီးဖြစ်ပါတယ်။
နစ်မြုပ်သွားတဲ့ ရေယာဉ်ကို ကုန်းပေါ်တင်နိုင်ရင်တော့ ပျောက်ဆုံးနေတဲ့ အလောင်းတွေကို ပိုတွေ့လာရ နိုင်တယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက် နေသူတွေက ခန့်မှန်း နေကြ ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ရှာဖွေရေးမှာ ဦးဆောင်နေသူ တစ်ယောက် ဖြစ်တဲ့ စစ်ကိုင်းတိုင်း ဒေသကြီး မီးသတ် ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမင်းစန်းအေး ကတော့ ချင်းတွင်း မြစ်ရိုး တလျှောက် မျောလာတာတွေ အားလုံးကို ဆယ်ယူပြီး အနီးဆုံး ဆေးရုံကို ပို့နေတယ်လို့ ပြောပါတယ်။
အလောင်းတွေ ကိုသက်ဆိုင်ရာ မြို့ နယ် အလိုက် ရင်ခွဲရုံတွေမှာ ထားရှိ ပြီး မိသားစု တွေနဲ့ ဆက်သွယ် နိုင်အောင် ဆောင်ရွက် နေတယ်တယ်လို့ ဆိုပါတယ်။
ကနီမြို့ အနီးမှာ နစ်သွားခဲ့တဲ့သင်္ဘောကို ဆယ်ယူဖို့လည်း နီးစပ်နေပြီလို့ မီးသတ် ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမင်းစန်းအေး ကပြောပါတယ်။
ရေစီးကြမ်းတာရယ်၊ သင်္ဘောက အောက်မှာ ကျောက်ဆောင်နဲ့ ကလန့် နေတာတို့ရယ်ကြောင့် ဆယ်ယူဖို့ ခက်ခဲနေ တယ်လို့ သူက ပြောပါတယ်။
ကယ်ဆယ် ရှာဖွေရေး လုပ်ငန်းတွေကို သင်္ဘော ဆယ်ယူပြီး နောက်တစ်ပတ်လောက်အထိ ဆက်လက် လုပ်ဆောင်မယ်လို့ ဦးမင်းစန်းအေးကပြော ပါတယ်။
ဒီရေယာဉ် မှာ ခရီးသည် ၂၅၀ ကျော် လိုက်ပါလာပြီး တော့ ၁၅၀ ကျော် ကို ကယ်ဆယ်ရရှိခဲ ပြီး ၈၀ ကျော်လောက် ပျောက်ဆုံးနေတယ် လို့ အစိုးရ ဘက်က သတင်းထုတ်ပြန် ထားပါတယ်။
အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ်မှုမှာ ချင်းတွင်းမြစ် ဘေးက မြို့ရွာတွေမှာ တာဝန်ထမ်းဆောင် နေတဲ့ ကျောင်းဆရာ ဆရာမ စုစုပေါင်း အယောက် ၃၀ လောက်ပျောက်ဆုံး စာရင်းမှာပါနေတယ်လို့ ဒေသခံတွေဘက်က သိရပါတယ်။
ချင်းတွင်း အမြန်ရေယာဉ် မှောက်မှု ရှာဖွေရခက်
ပျောက်ဆုံးနေတဲ့ ခရီးသည် (၇၀)ကျော်မှာ အလောင်း(၆)လောင်းပဲ ရှာဖွေ နိုင်သေး