မောင်တောဒေသ နယ်ခြားစောင့်တပ်ဖွဲ့ ရဲမှူးချုပ် ပြောင်းလဲခန့်အပ်

ရဲမှူးချုပ် မောင်မောင်ခင် နေရာမှာ ရဲမှူးချုပ် သူရ စန်းလွင်ကို အစားထိုး ခန့်ထား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

မောင်တောဒေသ နယ်ခြားစောင့် တပ်ဖွဲ့ ရဲမှူးချုပ် မောင်မောင်ခင် နေရာမှာ ရဲမှူးချုပ် သူရ စန်းလွင်ကို အစားထိုး ခန့်ထား

နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက် ခံခဲ့ ရတဲ့ ရခိုင် ပြည်နယ် မောင်တောဒေသ နယ်ခြားစောင့် တပ်ဖွဲ့ ရဲမှူးချုပ် မောင်မောင်ခင် နေရာမှာ ရဲမှူးချုပ် သူရ စန်းလွင်ကို အစားထိုး ခန့်ထား လိုက်ပါတယ်။

အခုလို ရာထူး ပြောင်းလဲမှုကို မောင်တောမှာ ရောက်နေတဲ့ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက သတင်းထောက် တွေကို ပြောခဲ့တာ ဖြစ်ပြီး၊ သူရ စန်းလွင်ဟာ အရင်တုန်းက တပ်မ ၉၉ ခလရ ၁၀ တုန်းက သူရဘွဲ့ ရရှိ ခဲ့သူ ဖြစ်ပါတယ်။

နောက်ပြီးသူက ဆက်ပြော ရာမှာ တိုင်းရင်းသားတွေ အနေနဲ့ ဒီနယ်မြေ ကနေ မစွန့်ခွာ ကြဖို့နဲ့ စွန့်ခွာ သွားခဲ့ရင် ဒီနေရာ ကို တခြား လူတွေ ဝင်ရောက် လာလိမ့် မယ်လို့ ဆိုပါတယ်။

လုံခြုံရေး ကိုတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က တာဝန်ယူပေးမှာ ဖြစ်ပြီး၊ အကြမ်းဖက် သမားတွေရဲ့ တလက္မ မှ ကျူးကျော် တာကို ခံမှာ မဟုတ်ဘူးလို့ လည်း ဝန်ကြီးက ပြောပါတယ်။

ဒေသခံ သတင်းထောက် တဦးကတော့ ပြည်ထဲရေး ဝန်ကြီး အခုလို ပြောပေမယ့်လည်း နောက်ကျ နေပြီ ဖြစ်ကြောင်းနဲ့ နယ်ခြားစောင့် တပ်ဖွဲ့တွေ အပါ အဝင် နိုင်ငံတော် အပိုင်း ကပါ နဲနဲ ပေါ့လျော့မှု ရှိတာ ကြောင့် အခုလို ခံရတာ လို့ သူက ပြောပါတယ်။

တနင်္လာနေ့ အထိလည်း မောင်တော မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ် နေသေးတယ်လို့ အဲဒီ နယ်မြေခံ သတင်းထောက်က ပြောပါတယ်။

နေပြည်တော် သတင်းစာရှင်းလင်းပွဲ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ,

နေပြည်တော် သတင်းစာရှင်းလင်းပွဲ

ရခိုင်ပြည်နယ် မောင်တော မြို့နယ်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း တိုက်ခိုက် ခံရမူနဲ့ ပတ်သက်ပြီး ရခိုင် ပြည်နယ် ကို သွားရောက် လေ့လာ ခဲ့တဲ့ တာဝန်ရှိ သူတွေက တနင်္လာနေ့ မှာပဲ နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ တခု ပြုလုပ်ခဲ့ ပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

သတင်းစာရှင်းလင်းပွဲကို အတိုင်ပင်ခံရုံး ဝန်ကြီးဌါန ပြန်ကြားရေး ဝန်ကြီးဌါန နဲ့ အလုပ် သမား လူဝင်မူ့ ကြီးကြပ်ရေး ဝန်ကြီး ဌါနက ပြည်ထောင်စု ဝန်ကြီးတွေ ပြည်ထဲရေးနဲ့ ကာကွယ်ရေး ဝန်ကြီးဌါနက ဒုတိယ ဝန်ကြီးတွေ တက်ရောက် ရှင်းလင်းခဲ့ ပါတယ်။

မောင်တော်မြို့ အကြမ်းဖက် တိုက်ခိုင်မူ ဖြစ်စဉ်မှာ ယနေ့ အထိ အကြမ်းဖက် သမား ၂၉ ဦး သေဆုံး ခဲ့ပြီး ၂၉ ဦးကို အရှင် ဖမ်းမိ ထားတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌါန ဒုတိယ ဝန်ကြီး ကပြောကြားခဲ့ ပါတယ်။ ဒါအပြင် တပ်မသော်သား ၅ ဦး နဲ့ ရဲတပ်ဖွဲ့ဝင် ၈ ဦးလည်း သေဆုံးခဲ့ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မူ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ပါကစ္စတန် ဆော်ဒီ အာရေဗျ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက် နေတယ် လို့လည်း တာဝန်ရှိ သူတွေကို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း ဒေသခံ တိုင်းရင်းသားများက ပြည်သူစစ်ပုံစံမျိုး လက်နက် တပ်ဆင် ပေးရန် တောင်းဆိုခဲ့ သော်လည်း ခွင့်ပြုမည် မဟုတ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌါန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားပါတယ်။

နယ်ခြားစောင့် စခန်း တိုက်ခိုက် ခံရပြီးတဲ့ နောက် မောင်တော ဒေသကိုစ စ်ဆင်ရေး နယ်မြေ အဖြစ် သတ်မှတ်ခဲ့ပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့က နယ်မြေရှင်း လင်းရေး ဆောင်ရွက်နေပြီး အတော် အသင့် ထိန်းချုပ် ထားနိုင်ပြီလို့ တာဝန် သူတွေ ကပြောပါတယ်။