ကုန်သွယ်မှုတိုးမြှင့်ရေး စီးပွားကူးသန်း ဝန်ကြီး ဗြိတိန်ကို သွားမယ်

ဗြိတိန်
ဓာတ်ပုံ ပုံစာ,

ဗြိတိန် နဲ့မြန်မာနိုင်ငံ အကြား ကုန်သွယ်မှု တိုးမြင့် လာဖို့ ကိုလည်း မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် တွေ ဘက် က မျှော်လင့်

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ ဗြိတိန်နိုင်ငံ ကို အောက်တိုဘာလ နှောင်းပိုင်းမှာ သွားရောက်ဖို့ စီစဉ်နေပါတယ်။

အောက်တိုဘာလ အတွင်းမှာပဲ မြန်မာနိုင်ငံ ရဲ့ စီးပွါးရေး မူဝါဒ သစ်ကို လည်း ထုတ် ပြန်ဖို့ ရှိပါတယ်။

ပြည်ထောင်စု ဝန်ကြီး ရဲ့ ဗြိတိန် နိုင်ငံ ခရီးစဉ်ကနေ ဗြိတိန် နဲ့မြန်မာနိုင်ငံ အကြား ကုန်သွယ်မှု တိုးမြှင့် လာဖို့ ကိုလည်း မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် တွေ ဘက် က မျှော်လင့် နေကြ ပါတယ်။

နှစ်နိုင်ငံ ကြား ကုန်သွယ်မှု လုပ်ငန်းတွေ တိုးမြှင့် လုပ်ကိုင် နိုင်ဖို့ ရည်ရွယ် ထားတယ်လို့ မြန်မာ ကုန်သည် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး က ပြောပါတယ်။

ဥရောပ သမဂ္ဂ ကနေ ခွဲထွက်ဖို့ ဆုံးဖြတ် ခဲ့တဲ့ ဗြိတိန် ရဲ့ (Brexit) အစီအစဉ် ကြောင့် မြန်မာ နဲ့ ကုန်သွယ်မှု လုပ်ငန်းတွေ မနှောင့်နှေးစေဖို့ အခု ခရီးစဉ်က ကူညီ နိုင်မယ် လို့လည်း ပြောပါတယ်။

မြန်မာ နိုင်ငံ ကို ဗြိတိန် နိုင်ငံ ဘက်က ထောက်ပံ့ ကူညီမှု အနေနဲ့ တစ်နှစ်ကို ဒေါ်လာ ၂၅ သန်း ပေးအပ်မှု အစီအစဉ်လည်း စတင်နေပြီလို့ သိရပါတယ်။

ဗြိတိန် နိုင်ငံ နဲ့ မြန်မာ နိုင်ငံ တို့ အကြား ကုန်သွယ်မှု တိုးမြှင့် ဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် လာရေး တို့ ကို ဆောင်ရွက်သွားမှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်က ပို့ကုန်တွေထက် ဗြိတိန် နိုင်ငံက ထုတ်တဲ့ အခြေခံ အဆောက်အအုံ ပစ္စည်းတွေ တင်ပို့ နိုင်ဖို့ ပိုမိုရည်ရွယ် ထားတယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံ ဘက်က ရင်းနှီးမြှုပ်နှံမှု ဥပဒေ အခင်းအကျင်းသစ် တွေ အပေါ်မှာ ဗြိတိန် ဘက်က လာရောက် ရင်းနှီးမြှုပ်နှံဖို့ ပိုမို စိတ်ဝင်စား လာတာကို လည်း တွေ့ ရပါတယ်။