နိုင်ငံရေး မူဘောင် သုံးသပ်ပွဲ သဘောတူညီချက် အချို့ရ

ငြိမ်းချမ်းရေး

ဓာတ်ပုံ ရင်းမြစ်, U HLA MG SHWE

ဓာတ်ပုံ ပုံစာ,

DPN ဟာ နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည် သုံးသပ်တဲ့ အစည်းအဝေးကို ပထမဉီးဆုံး အကြိမ် တက်ရောက် လာတာ ဖြစ်ပါတယ်။

နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်တဲ့ အစည်းအဝေး သုံးရက်မြောက် နေ့မှာတော့ သဘောတူညီမှု အချို့ ရရှိ ခဲ့ပါတယ်။

နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ် တဲ့ အစည်းအဝေး ကို NLD အစိုးရ၊ တပ်မတော် နဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ကိုယ်စားလှယ်၊ အပစ်မရပ်သေးတဲ့ အဖွဲ့ တွေထဲက နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ်တွေ တက်ရောက် နေကြတာ ဖြစ်ပါတယ်။

ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ UNFC က နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ DPN ဟာ နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည် သုံးသပ်တဲ့ အစည်းအဝေးကို ပထမဉီးဆုံး အကြိမ် တက်ရောက် လာတာ ဖြစ်ပါတယ်။

သဘော တူညီမှု ရရှိခဲ့တဲ့အချက်တွေ ကတော့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေ ကျင်းပ တဲ့ အ ခါ ဆွေးနွေး မယ့် ခေါင်းစဉ်၊ ကြီးကြပ်မှု ကော်မတီ နဲ့ကျင်းပမဲ့နေရာတို့ဖြစ်ပါတယ်။

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စရပ်များ ကိုဆွေးနွေးဖို့ရှိပါတယ်။

ဒီလိုဆွေးနွေးတဲ့ အခါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေး ကိစ္စ လည်း ပါလာမယ်လို့အစည်းအဝေး ကို တက်ရောက်နေတဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေနဲ့ အခွင့်အရေး၊ ဖက်ဒရယ် နဲ့ ဆိုင်တဲ့ စီးပွားရေး မူဝါဒ ချမှတ်ရေး စတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးမှာ ဖြစ်တယ်လို့ နိုင်ငံရေး ပါတီများကိုယ်စားလှယ် ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

သို့သော်လည်း ရှုပ်ထွေးမှု တွေရှိနေတဲ့ နိုင်ငံတော် ကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်များ နဲ့လုံခြုံရေး ဆိုင်ရာ ပြန်လည် ပူးပေါင်းခြင်းကိစ္စတို့ကိုတော့ အမျိုးသား အဆင့်မှာမဆွေးနွေးပဲ ပြည်ထောင်စုအဆင့်မှာ ဆက်လက် ဆွေးနွေး ဖို့သဘော တူ ခဲ့ပါတယ်။

ဆွေးနွေးပွဲ ကျင်းပရေး ကြီးကြပ်မ၍ ကော်မတီကို အဖွဲ့ဝင် ၉ ဦးနဲ့ဖွဲ့စည်း သွားမယ် လို့လဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုယ်စားလှယ် ဒေါက်တာ ဆလိုင်း လျန်မုန်း က ပြောပါတယ်။

အမျိုသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို တော့ ပြည်နယ်တိုင်း ၁၄ ခုအပြင် နေပြည်တော်ကောင်စီနယ် မြေမှာပါ ကျင်းပမှာဖြစ်ပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဆုံးဖြတ်ချက်ချမယ့် ပုံစုံ အပါအဝင် ကျန်ရှိနေသေး တဲ့ အချက်အချို့ ကိုတော့ အောက်တိုဘာ ၂၁ ရက်နေ့မှာ မှာဆက်လက်ဆွေးနွေးဖို့ရှိပါတယ်။

အခု အစည်းအဝေးမှာ သဘောတူခဲ့တဲ့ အချက်တွေကို အေက်တိုဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် UPDJC အစည်း အဝေးမှာ အတည်ပြုမှာဖြစ်ပါတယ်။