ကျောက်မျက်ရတနာ ဥပဒေ ပြင်ဆင်မယ်

ဧက ၅၀၀ အထက် တူးဖော် ခြင်းလုပ်ငန်း တွေကို အကြီးစား သတ်မှတ်ထား
မြန်မာနိုင်ငံ ကျောက်မျက် ရတနာ ဥပဒေကို မကြာခင် ပြန်လည် ကျင်းပမယ့် လွှတ်တော် အစည်း အဝေး တွေမှာ ပြင်ဆင် ဖို့ရှိ ပါတယ်။
ပြင်ဆင်ဖို့ တင်ပြမယ့် အချက်တွေ ထဲက အဓိက ကျတဲ့ အချက် တစ်ခု ကတော့ အကြီးစား ကျောက်မျက် တူးဖော်ခြင်း လုပ်ငန်းတွေကို ခွင့်ပြု မပေးဖို့ တင်ပြသွား မယ်လို့ ဥပဒေ ရေးရာနဲ့ အထူး ကိစ္စရပ်များ ကော်မရှင် အဖွဲ့ ဦးစောလှထွန်း ကပြောပါတယ်။
လက်ရှိ တည်ဆဲ ဥပဒေ အရ ဧက ၅၀၀ အထက် တူးဖော် ခြင်းလုပ်ငန်း တွေကို အကြီးစား သတ်မှတ်ထား ၁၀ နှစ် တူးဖော်ခွင့် ပြုထားတာပါ အခု အဲဒါတွေကိုတော့ ဥပဒေ အသစ် အရ ရပ်ဆိုင်း သွားမှာ ဖြစ်ပါတယ်။
ဒါအပြင် လက်ရှိ ဥပဒေ အရ ၅ နှစ် လုပ်ပိုင်ခွင့် ပြုထားတဲ့ ဧက ၂၀၀ နဲ့ အထက် တူးဖေါ်တဲ့ အလတ်စား ကျောက်မျက် တူးဖော်ရေး လုပ်ငန်းကို လည်း ၃ နှစ် သက်တမ်း ပဲ ခွင့်ပြုဖို့ တင်ပြ သွားဖို့ ရှိပါတယ်။
NLD အစိုးရ တက်လာပြီး နောက်ပိုင်း အကြီးစား ကျောက်မျက် တူးဖေါ်ခြင်း လုပ်ငန်းတွေနဲ့ ပတ်သက်လို့ လိုင်စင် သက်တမ်း တိုးခြင်းနဲ့ လိုင်စင် အသစ် ချပေးခြင်း တို့ကို ရပ်ဆိုင်း ထားခဲ့တာပါ။
လက်ရှိ လုပ်ပိုင်ခွင့် ရထားတဲ့ လုပ်ငန်းတွေ အနေနဲ့တော့ သက်တမ်း ကုန်တဲ့ အထိ ဥပဒေဟောင်း အတိုင်း လုပ်ကိုင်လို့ ရပေမဲ့ သက်တမ်း တိုးမယ့် ကုမ္ပဏီ တွေနဲ့ လုပ်ငန်း အသစ်တွေ ကတော့ ဒီဥပဒေ အတိုင်း ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဒါအပြင် ကျောက်မျက် ရတနာတွေ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အခွန် အကောက်နဲ့ ဆိုင်တဲ့ အချက်တွေကို လည်း ပြင်ဆင်သွားဖို့ တင်ပြသွားမယ်လို့ ပြည်သူ့ လွှတ်တော် သတ္တုနဲ့ သယံဇာ တကော်မတီ ဥက္ကဌ ဦစိုးသူရထွန်းက ရှင်းပြ ပါတယ်။
အခု ပြင်ဆင်ဖို့ ကြိုးစား နေတဲ့ ဥပဒေကို နိုဝင်ဘာ ၁၆ ရက်နေ့ ပြန်လည် စတင်မယ့် လွှတ်တော် အစည်း အဝေး တွေမှာ တင်ပြပြီး အတည်ပြုမှာ ဖြစ်ပါတယ်။

ဖားကန့်မှာ တန်ချိန် ၂၁၀ ရှိတဲ့ ကျောက်စိမ်းတုံး တွေ့ရှိ
ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်း တူးဖော်တဲ့ လုပ်ကွက်မှာ အလေးချိန် တန်ချိန် (၂၁၀) ရှိတဲ့ ကျောက်စိမ်း အရိုင်းတုံး ကြီးကို တူးဖော်တွေ့ရှိ