ကိုထင်ကျော် ဖမ်းဆီး ထိန်းသိမ်း ခံရ

Image caption ရန်ကုန်တိုင်း စစ်ဌာနချုပ် က တရားစွဲဆို ခဲ့တဲ့ အတွက် မြောက်ဥက္ကလာပ မြို့နယ် တရားသူကြီး က ဖမ်းဝရမ်း ကို ရဲစခန်း ကို ပေးပို့ ဖမ်းဆီး စေခဲ့တာ ဖြစ်ပါတယ်။

ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ခေါင်းဆောင်လို့ လူသိများတဲ့ (MDCF ) ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အဖွဲ့ ဦးဆောင်သူ ကိုထင်ကျော်ကို တပ်မတာ်သားတွေ ကို ဝေဖန်မှု နဲ့ ရဲ က ဖမ်းဆီး ခဲ့ပါတယ်။

ရန်ကုန်တိုင်း စစ်ဌာနချုပ် က တရားစွဲဆို ခဲ့တဲ့ အတွက် မြောက်ဥက္ကလာပ မြို့နယ် တရားသူကြီး က ဖမ်းဝရမ်း ကို ရဲစခန်း ကို ပေးပို့ ဖမ်းဆီး စေခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့က တရားရုံး အတွင်းမှာ ပြောဆို ခဲ့တဲ့ ကိစ္စ နဲ့ ဖမ်းဆီး ခံရတာ ဖြစ်နိုင်တယ်လို့ ကိုထင်ကျော်က ပြောပါတယ်။

အဲဒီ တရားရုံး အတွင်းမှာ ပြောခဲ့တဲ့ ဗီဒီယို ဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး၊ ကိုထင်ကျော်က ဥပဒေ ချိုးဖောက်တဲ့ စစ်သား တွေကို တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာ ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီး ထားပြီး အာမခံ ရဖို့လည်း မသေချာ ဘူးလို့ ဆိုပါတယ်။

ဒီမိုကရေစီ အစိုးရ လက်ထက်မှာ ဖမ်းဆီး ခံရမှု နဲ့ ပတ်သက်ပြီး ဘယ်လို တုန့်ပြန်မလဲ ဆိုတာကိုတော့ စောင့်ကြည်ရမှာ ဖြစ်တယ်လို့ ကိုထင်ကျော် က ပြောပါတယ်။

လောလောဆယ်မှာ မြောက်ဥက္ကလာ ပ ရဲစခန်းမှာ ထိန်းသိမ်းထား ပြီး အောက်တိုဘာလ ၂၇ ရက်နေ့မှာ တရားစွဲဆို ဖို့ အတွက် ရုံးထုတ်မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ