လုံခြုံရေးတွေ ပစ်ခတ်လို့ မိုင်းရှူး ဒေသခံ တစ်ဉီး သေဆုံး

မိုင်းရှူး
ဓာတ်ပုံ ပုံစာ,

သေဆုံး ခဲ့ပြီးနောက် ချက်ချင်း အသုဘ ချ ခဲ့တယ်လို့လည်း ဒေသခံ တစ်ဉီး က ဘီဘီစီ ကို ပြော

အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ မိုင်းရှူး မြို့၀င်မြို့ထွက် ဂိတ် က အစိုးရ လုံခြုံရေး တပ်ဖွဲ့ က သေနတ်နဲ့လှမ်း ပစ်လို့ ဆိုင်ကယ် မောင်းသွားတဲ့ ရွာသားတယောက် သေဆုံး သွားပါတယ်။

ရွာသား တစ်ဉီးက မြို့ပြင်ထွက်တဲ့ ဂိတ်မှာ လုံခြုံရေး တွေ လှမ်းတား ခဲ့တာကို မရပ်ပေးတဲ့ အတွက် မိုးပေါ်ကို ထောင် ပစ်ခဲ့တာ ဖြစ်ပြီး လူကို ချိန်ပြီး ပစ်ခတ် ခဲ့တာ မဟုတ်ဘူး လို့ ဆိုပါတယ်။

လုံခြုံရေး တပ်ဖွဲ့ရဲ့ ပစ်ခတ် ခံရလို့ သေဆုံးသွားတဲ့ သူ က အသက် ၄၅ နှစ် အရွယ် ရွာသား စိုင်းဆောင်ဆု ဖြစ်ပါတယ်။

မိုင်းရှူး နဲ့ သိပ်မဝေးတဲ့ မြို့မ ဘဏ်ခွဲကျေးရွာ အုပ်စု ထဲက ခိုဆုံရွာသွား ဖြစ်တယ်လို့လည်း သိရပါတယ်။

အခင်း ဖြစ်ပွားတဲ့ နေရာ နဲ့ သူနေထိုင်ရာ ကျေးရွာ နဲ့က တစ်မိုင် ခန့်သာ အကွာ အဝေး ရှိပါတယ်။

သေဆုံး ခဲ့ပြီးနောက် ချက်ချင်း အသုဘ ချ ခဲ့တယ်လို့လည်း ဒေသခံ တစ်ဉီး က ဘီဘီစီ ကို ပြောပါတယ်။

စိုင်း ဆောင်ဆု ဟာ လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်မှု မရှိတဲ့ ရိုးရိုး အရပ်သား တစ်ဉီးသာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွယ်လွန်သွားတဲ့ စိုင်းဆောင်ဆု ဟာ အိမ်ထောင်ရှိ သူ ဖြစ်ပြီး ဇနီး နဲ့ သားသမီး ၂ ယောက် ရှိပါတယ်။