UMFCCI အမှုဆောင်သစ်တွေကို အသင်းသားတွေ စာပို့ ကန့်ကွက်

umfcci

ဓာတ်ပုံ ရင်းမြစ်, umfcci

ဓာတ်ပုံ ပုံစာ,

ကုန်သည် စက်မှုအသင်းချုပ် အမှုဆောင်သစ်တွေ ရွေးကောက်

မြန်မာနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေး လုပ်ငန်းရှင် အဖွဲ့ ကြီးဖြစ်တဲ့ ကုန်သည် စက်မှု အသင်းချုပ် က အလုပ်အမှုဆောင် အသစ် ရွေးချယ် တင်မြှောက်သူတွေ ကို အသင်းသား ၇ဝ ကျော်က ကန့်ကွက်ကြောင်း လက်မှတ် ထိုးပြီး သမ္မတ နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် ထံကို စာပို့လိုက်ပါတယ် ။

သူတို့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်မှု မရှိတဲ့ အပြင် မဲမသမာမှု တွေ တွေ့ရတာကြောင့် အောက်တိုဘာ ၃၁ ရက်မှာ အမှုဆောင်သစ် ကို လွှဲပြောင်းပွဲ မကျင်းပမီ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ ကိုလည်း တောင်း ဆိုတာလည်း ဖြစ်ပါတယ် ။

မဲပေးထားတဲ့ စာရွက်တွေကို ချိတ်ပိတ်ပြီး ပြန်စစ်ပေးဖို့လည်း တောင်းဆိုထားတယ်လို့ လက်မှတ်ထိုး တောင်းဆိုသူတွေထဲ က မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်း အတွင်းရေး မှူး ဦးကျော်သူ က ပြောပါတယ်။

မော်တော်ယာဉ်၊ သစ်နဲ့ ဆန်စပါးစတဲ့ လုပ်ငန်းရှင် ၇ဝ ကျော် အကြိမ်ကြိမ် ညှိနှိုင်းပြီး ခိုင်မာအောင် စိစစ်ပြီးမှ ခုလို စာတင်ခဲ့တာကြောင့် ရွေးကောက်ပွဲ ပြီးပြီးချင်း မတင်နိုင်တာလို့လည်း ဆိုပါတယ်။