ဒေါ်အောင်ဆန်းစုကြည် ဂျပန် ချစ်ကြည်ရေး ခရီး သွားမယ်

ဓာတ်ပုံ ရင်းမြစ်, AP
၂၀၁၃ ခုနှစ်က ရှင်ဇိုအာဘေးရဲ့ မြန်မာ ခရီးစဉ်
ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရဲ့ ဖိတ်ကြားချက် အရ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၅ ရက်ကြာ ဂျပန်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် နိုဝင်ဘာ ၁ ရက် အင်္ဂါနေ့ မှာ စတင်မှာ ဖြစ်ပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံက အဆင့် နံပါတ် ၃ နေရာထားပြီး ချစ်ကြည်ရေး ခရီး ဖိတ်ခေါ်တာ ဖြစ်တဲ့ အတွက် ဂျပန်ဟာ မြန်မာ နဲ့ ချစ်ကြည် ရင်းနှီးမှု၊ ပူးပေါင်း လက်တွဲ လိုမှု ကို ပြသတာ ဖြစ်တယ်လို့ ဂျပန် မြန်မာ ဖွံ့ဖြိုး တိုးတက်ရေး ကူညီဆောင်ရွက်မှု အစီအစဉ်က ဂျပန်ဘက် ကနေ ကူညီ ဆောင်ရွက် ပေးနေတဲ့ မ တို့တိုချန် က ဘီဘီစီကို ပြောပါတယ်။
တချိန်တည်းမှာပဲ နောက်ထပ် ပြည်ထောင်စုဝန်ကြီး တဦးလည်း ဂျပန်ကို သွားရောက်ဖို့ ရှိရာ အဲဒီ ဝန်ကြီးနဲ့ အတူ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင် အတော် များများ လိုက်ပါသွားမှာ ဖြစ်ပါတယ်။
ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု ခရီးစဉ်ဟာ နှစ်နိုင်ငံ အပြန် အလှန် ဆက်ဆံရေးနဲ့ ချစ်ကြည် ရင်းနှီးမှု ပိုမို ရရှိဖို့ ရည်ရွယ်တာ ဖြစ်သလို၊ ၂ နိုင်ငံ စီးပွားရေး ဆောင်ရွက်မှု တိုးမြှင့်ဖို့ ပါ ပါဝင်မှာ ဖြစ်ပါတယ်။
အမေရိကန်က ပိတ်ဆို့ အရေးယူမှုတွေ ဖြေလျှော့ ပေးလိုက်တဲ့ နောက် ဂျပန် နိုင်ငံ ကလည်း အမေရိကန်နဲ့ တရုတ် နိုင်ငံတို့ နည်းတူ မြန်မာ နိုင်ငံမှာ စီးပွားရေး ဆောင်ရွက် ဖို့ အလုံး အရင်းနဲ့ ဝင်ရောက် လိုတဲ့ ဆန္ဒ ရှိတယ်လို့ မ တို့တိုချန် က ပြောပါတယ်။
ဂျပန်နိုင်ငံ အနေနဲ့ မြန်မာ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ အဆင့် ဟာ နံပါတ် လေး ငါး လောက်မှာရှိပြီး၊ မြန်မာမှာ တကယ်အလုပ် စတင် လုပ်ကိုင်နေတဲ့ ဂျပန်ကုမ္ပဏီပေါင်း ၆၀ ကျော်ရှိပြီး၊ နောက်ထပ် လာရောက် ဖို့ ကုမ္ပဏီ ၃၀၀ လောက် ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခု ခရီးစဉ် ကနေ ဂျပန် ရင်းနှီးမြှုပ်နှံသူ အများ အပြား ကို ခေါ်ယူလာ နိုင်ကြောင်းနဲ့ ဂျပန်က မြန်မာကို ပေးနေတဲ့ အကူ အညီ တွေ လည်း ပိုမို မြန်ဆန်အောင် ပြောဆို နိုင်လိမ့် မယ်လို့ မျှော်လင့်ကြောင်း မ တို့တိုချန် ကပြောပါတယ်။

ဂျပန်မှာ ဗုံးနှစ်လုံးပေါက်လို့ တဦးသေ
ဂျပန်နိုင်ငံ အူဆူနိုမီယာမြို့က ပန်းခြံဝင်းတခုထဲမှာ တပြိုင်ထဲလို ဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုမှာ တခြား လူသုံးဦးလည်း ဒဏ်ရာရ