နိုင်ငံခြားမှာ အလုပ် လုပ်မယ်ဆို အလုပ်သမား ပတ်စ်ပို့ လျှောက်ရမယ်

မြန်မာ အလုပ်သမား ပတ်စ်ပို့
ဓာတ်ပုံ ပုံစာ,

အလုပ်ခေါ်စာ ဒါမှမဟုတ် အလုပ်ခန့်လွှာ နဲ့ လစာတွေကို အစိုးရကို တင်ပြရမယ်

နိုင်ငံခြား သွား အလုပ် လုပ်မယ့်သူတွေ အနေနဲ့ လာမယ့် ၂ဝ၁၇ နှစ်ဆန်း ဇန်နဝါရီ ၁ ရက် က စပြီး သီးခြား အလုပ်သမား နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ရတော့မှာ ဖြစ်ပါတယ်။

ကိုယ်သွားမယ့် နိုင်ငံကို အလည်အပတ် ပြည်ဝင်ခွင့် ဗီဇာသာ လျှောက်ပြီး အလုပ်အကိုင် သွားရောက်ရှာဖွေ တာတွေ ၊ အလုပ် လုပ်ကိုင်နေတာ တွေကြောင့် မြန်မာ နိုင်ငံသားတွေ ဖမ်းဆီး ပြန်ပို့ ခံနေ ရတာတွေ ဖြစ်နေတဲ့ အတွက် အခုလို နိုင်ငံကူး လက်မှတ် အမျိုးအစားကိုပါသတ်သတ်မှတ်မှတ် ဖြစ်အောင် ပြောင်းလဲရတာ ဖြစ်တယ် ဆိုပြီး အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

အလုပ်သမား နိုင်ငံကူး လက်မှတ် လျှောက်ထားဖို့ရာ အလုပ်ခေါ်စာ ဒါမှမဟုတ် အလုပ်ခန့်လွှာ နဲ့ လစာတွေကို အစိုးရကို တင်ပြရမှာ ဖြစ်ပါတယ်။

အဲဒီလို တင်ပြ လာတဲ့ စာရွက်စာတမ်းတွေ အစစ်အမှန် ဟုတ်သလား ဆိုတာကို သက်ဆိုင်ရာ နိုင်ငံ သံရုံးကို ပို့ပြီး စိစစ် ဦးမှာလည်း ဖြစ်ပါတယ်။

အလုပ်သမား နိုင်ငံကူး လက်မှတ် သီးသန့် ထုတ်ပေးတာ သက်သက်နဲ့ ပြည်ပရောက် မြန်မာ အလုပ်သမားတွေ ကြုံတွေ့ နေရတဲ့ လုပ်ခလစာ အပြည့် မရတာ အပါအဝင် အလုပ်သမား အခွင့်အရေး ချိုးဖောက် ခံနေရ တာတွေကို အကာအကွယ် ပေးနိုင်မှာ မဟုတ်ဘူးလို့ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူတွေက ဝေဖန် သုံးသပ် နေကြပါတယ်။