EBO ရဲ့ ဖက်ဒရယ် သင်တန်း မှာ ကရင် အဖွဲ့အစည်းတွေ တစုတစည်း တက်ရောက်

ကရင်
ဓာတ်ပုံ ပုံစာ,

ကရင်လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့နဲ့ ကရင် နိုင်ငံရေး ပါတီ ၄ ခုတို့ကို တစုတစည်း ထဲ သင်တန်း တက်နေ

Euro Burma လို့လူသိများတဲ့ EBO မြန်မာ အဖွဲ့ဟာ၊ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ ကော် မြို့မှာ ကရင်လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ နဲ့ကရင်နိုင်ငံရေးပါတီ ၄ ပါတီတို့ကို ဖက်ဒရယ်အုပ်ချုပ် ရေးစနစ်နဲ့ပတ် သက်တဲ့သင်တန်းကို နို၀င်ဘာလ ၂၉ ရက် စပြီး ၂ ရက်သင်တန်းကိုပေးနေ ပါတယ်။

ဖက်ဒရယ် အုပ်ချုပ်ရေး စနစ်သင်တန်းရဲ့ ထူးခြားချက်ကတော့ ကရင်လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့နဲ့ ကရင် နိုင်ငံရေး ပါတီ ၄ ခုတို့ကို တစုတစည်း ထဲ သင်တန်း တက်နေတာ ကို တွေ့ရတာပါပဲ။

အစိုးရနဲ့ NCA အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ KNU ကရင်အမျိုးသားများ အစည်း အရုံး၊ KNU / KNLA - PC အဖွဲ့နဲ့ဒီမိုကရေစီအကျိုးပြု၊ ကရင်တပ် မတော် DKBA အဖွဲ့တွေ ဖြစ်ပြီး ဖလုံစဝေါ ပါတီ၊ စည်းလုံညီညွတ်သော ကရင် ဒီမိုကရေစီ ပါတီ၊ ကရင် ဒီမိုကရေစီ နဲ့ဖွံ့ဖြိုးရေး ပါတီ၊ ကရင်ဒီမိုကရေစီပါတီ က လူတွေ သင်တန်း တက် နေကြတာပါ။

ဖက်ဒရယ် စနစ် နဲ့ ပတ်သက်လို့ သိသင့် သိထိုက် တာတွေကို သိအောင်လို့ ဒီသင်တန်းကို ပေးရတာ ဖြစ်ကြောင်း Euro Burma ( EBO ) မြန်မာအဖွဲ့ရဲ့အမှု ဆောင် ဒါရိုက်တာ က ပြောပါတယ်။

ဒီEuro Burma အဖွဲ့ဟာ အရင်တုံးက လွတ်မြောက်နယ်မြေတွေမှာ ဖက်ဒရယ် စနစ် သင်တန်း တွေကို ပေးခဲ့ပြီး၊ အခုနောက်ပိုင်း မှာတော့ ပြည်တွင်းမှာ ဖက်ဒရယ်အုပ်ချုပ်ရေး စနစ် သင်တန်းတွေကိုပေးနေတာပါ။

ကရင်ပြည်နယ်မှာ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ ကရင်နိုင်ငံရေး ပါတီတွေကို တစုတဝေးထဲ သင်တန်းပေး တာက အခု အကြိမ်က ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Euro Burma( EBO )မြန်မာအဖွဲ့ဟာအခုနှစ် အတွင်း မြန်မာ တနိုင်ငံလုံးမှာ ဖက်ဒရယ်အုပ်ချုပ်ရေးစံနစ်နဲ့ပတ် သက်တဲ့သင်တန်းကို ၄၅ ကြိမ်ပို့ချခဲ့ပြီး လာမယ့်နှစ်မှာ အကြိမ် ၇၀ အထိသင်တန်းပို့ချဖို့ ဆောင်ရွက်ထားတယ်လို့သိရပါ တယ်။