ကိုဖီအာနန်နဲ့ အဖွဲ့ကို စစ်တွေမှာ ဆန္ဒပြ

Locals protest against former U.N. Secretary-General Kofi Annan, who is visiting in his capacity as the Myanmar government-appointed Chairman of the Advisory Commission on Rakhine State, near Sittwe airport, Rakhine state, Myanmar December 2, 2016.
ဓာတ်ပုံ ပုံစာ,

ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်ကို ဆန္ဒပြနေသူ ဒေသခံများ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် ပြည်နယ် အကြံပေး ကော်မရှင် အဖွဲ့ဟာ ဒီဇင်ဘာလ ၂ ရက် သောကြာနေ့က စစ်တွေကို ရောက်လာခဲ့ ပါတယ်။

ကိုဖီအာနန်နဲ့ အဖွဲ့ လေဆိပ်ကို ရောက်ရောက်ချင်းမှာပဲ လူပေါင်း ၁၀၀ ကျော်ခန့်က ကန့်ကွက် ဆန္ဒပြ ခဲ့ကြ ပါတယ်။

အဲဒီ ဆန္ဒ ပြပွဲကို စစ်တွေ မြို့နယ် ရခိုင် အမျိုးသား ပါတီက ဦးဆောင် ပြုလုပ်တာ ဖြစ်ပါတယ်။

မြို့နယ် ပါတီ အတွင်းရေးမှူး ဦးအောင်သန်းဝေ ကတော့ စက်တင်ဘာလက ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ ဒီကော်မရှင်ရဲ့ ဖြစ်တည်မှုနဲ့ လုပ်ဆောင် ချက်ကို အသိအမှတ် မပြုကြောင်း တညီ တညွတ်တည်း ဆုံးဖြတ်ထားချက်ကို မချိုးဖောက်ဖို့နဲ့ ကော်မရှင် ဖျက်သိမ်းဖို့ တောင်းဆို ဆန္ဒပြ တာလို့ ပြောပါတယ်။

ဆန္ဒပြပွဲ ပြုလုပ်ရာ လေဆိပ် အဝင်အထွက် လမ်းမှာ ရဲတွေကို တင်းတင်း ကျပ်ကျပ် ချထား တာကလွဲပြီး အခြေ အနေက တည်တည် ငြိမ်ငြိမ် ရှိခဲ့ ပါတယ်။

ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ဟာ စစ်တွေမြို့မှာ ပြည်နယ် အစိုးရ အဖွဲ့၊ အရပ်ဖက် အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ အပြင် ရခိုင်နဲ့ မွတ်ဆလင် အမျိုးသမီးတွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့တယ်လို့ ကော်မရှင် အဖွဲ့ဝင် ဒေါ်စောခင်တင့်က ပြောပါတယ်။

ရခိုင် အမျိုးသမီးတွေနဲ့ မွတ်ဆလင် အမျိုးသမီးတွေ နှစ်ဖက် အတူ ထိုင်ပြီး တွေ့ဆုံ ဆွေးနွေးတာ ကတော့ အတော့်ကို ထူးခြားတယ်၊ အကျိုးလည်း ရှိတယ်လို့ သူ ကပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ အမျိုးသမီးတွေက သူတို့လိုလားချက်တွေ၊ ထင်မြင်ချက်တွေကိုလည်း တင်ပြဆွေးနွေးခဲ့ကြတယ်လို့ ဒေါ်စောခင်တင့်က ပြောပါတယ်။

အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်နဲ့ အဖွဲ့ဟာ ဒီဇင်ဘာလ ၃ ရက် စနေနေ့ မှာတော့ မောင်တောကို သွားရောက်မှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ ရခိုင် ရှေးဟောင်း မြို့တော် မြောက်ဦးကို သွားရောက်ဖို့ ရှိပါတယ်။

ကိုဖီအာနန် ကော်မရှင်နဲ့ ပတ်သက်ပြီး ရခိုင် အမျိုးသားတွေ ကြားထဲမှာ ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ ဆိုပြီး သဘောထား ကွဲလွဲမှု ရှိနေပေမယ့် ရခိုင်အကျပ်အတည်းအတွက် အကောင်းဆုံး အကြံဉာဏ်တွေ ရလာ လိမ့်မယ်လို့တော့ အများက ယုံကြည် မျှော်လင့်နေကြပါတယ်။