၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် အတွက် ရခိုင် ပြည်နယ် အသုံးစားရိတ် လျော့ပြီးရ

ရခိုင်ပြည်နယ်
ဓာတ်ပုံ ပုံစာ,

ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ဘတ်ဂျက် မလုံလောက်

လာမယ့် ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်၊ ရခိုင်ပြည်နယ် အစိုးရ အသုံးစားရိတ် ခွဲဝေရေး အတွက် ပြည်နယ် လွှတ်တော်ထဲမှာ အရေးပေါ် အစည်းဝေး ခေါ်ယူ နေကြပါတယ်။

ပြည်ထောင်စု အစိုးရက ချ ပေးတဲ့ ကျပ်ငွေ ၁၄၂ ဘီလျံ ဟာ ပြည်နယ် ဖွံ့ဖြိုးရေး အတွက် မလုံလောက် ဘူး ဆိုပြီး ရခိုင် လွှတ်တော် အမတ် တွေက ဝေဖန် နေပါတယ်။

၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် ရခိုင် ပြည်နယ် အစိုးရ အသုံး စားရိတ်ကို ရခိုင် ပြည်နယ် လွှတ်တော်က ရေးဆွဲ တောင်းခံ ခဲ့တာ ဖြစ်ပေမယ့် ပြည်ထောင်စု အစိုးရ က ချပေးတဲ့ အခါ လက်ရှိ ဘဏ္ဍာနှစ် အသုံးစားရိတ် နဲ့ နှိုင်းယှဉ်ရင် ကျပ်ငွေ ၃ ဘီလီယံ လျော့နည်း ရရှိ ခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသား ပြည်နယ်တွေက ထွက်ရှိတဲ့ သယံဇာတတွေ ရောင်းချပြီး ပြည်ထောင်စု ဝင်ငွေ အဖြစ် ရရှိတဲ့ ငွေကြေး တွေ ထဲက လည်း ပြည်နယ် အသုံးစားရိတ် အတွက် ပြန်ပြီး မျှပေး သင့်တယ်လို့ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း က ဘီဘီစီကို ပြောပါတယ်။

၂ဝ၁၇-၁၈ ဘဏ္ဍာနှစ် အတွက် ရရှိတဲ့ ကျပ်ငွေ ၁၄၂ ဘီလျံကို ဆိပ်ကမ်း အာဏာပိုင် အဖွဲ့ အပါအဝင် ရခိုင် ပြည်နယ် အစိုးရ ဌာန ၂၄ ခု မျှဝေ သုံးစွဲ ရမှာ ဖြစ်ပြီး၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍ တွေမှာတော့ ပြည်ထောင်စု အစိုးရက တိုက်ရိုက် တာဝန်ယူ ကိုင်တွယ် တာ ဖြစ်ပါတယ်။