ခြိမ်းခြောက် နှောင့်ယှက် ခံရတာ တိုင်ပေမဲ့ ရဲက မကူညီ

ဓာတ်ပုံ မူပိုင် U Nyi Nyi Facebook
Image caption တောင်ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ

ဒီဇင်ဘာ ၁၁ ရက်နေ့ ညက မြို့နယ် NLD ရုံး ရန်ပုံငွေ ပွဲက ကားမောင်း အပြန် အငှားယာဉ်ပေါ်က လူတစုက လိုက်လံ နှောင့်ယှက် ခြိမ်းခြောက်ခဲ့ မှုကို တိုင်ကြားရာမှာ ရဲစခန်းက တစုံတရာ အကူအညီ မပေးခဲ့ဘူးလို့ ရန်ကုန်တိုင်း ဒေသကြီး တောင်ဒဂုံ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြော ပါတယ်။

ဦးညီညီက သူနဲ့ အတူ ဒဂုံမြို့နယ် အလုပ် အမှုဆောင် အဖွဲ့ဝင်နဲ့ ၁၇ ရပ်ကွက် NLD အမှုဆောင် ဥက္ကဋ္ဌတို့ လိုက်ပါလာတဲ့ ကားက လေးထောင့်ကန်ကနေ ကားမောင်း အပြန် တိုးဂိတ် အကျော်မှာ နောက်က လိုက်မောင်းလာတဲ့ အငှားကား တစ်စီးက အော်ဟစ် ဆဲဆို သွားခဲ့ ပြီးနောက် ရန်ပြုမယ့် အခြေ အနေဖြစ်ခဲ့ တဲ့ အတွက် ရဲစခန်းကို ဖုန်းဆက် တိုင်ခဲ့တာလို့ ပြောပါတယ်။

အငှားကားနဲ့ လိုက်လံ နှောင့်ယှက်သူ တွေက ဘယ်သူ ဘယ်ဝါ ဆိုတာ မသိရ ကြောင်းနဲ့ လူ လေးငါးယောက် ကားထဲမှာ ပါလာကြောင်း ဦးညီညီက ပြော ပါတယ်။

ရှောင်လွှဲ သွားလို့ မရတဲ့ အတွက် ရဲစခန်းဖက်ကို မောင်းပြေးခဲ့ ရာမှာ နောက်ဆုံး ရဲစခန်းထဲက ရဲတစ်ယောက် ထွက်လာတော့မှ နောက်က လိုက်လာတဲ့ အငှားကားက မောင်းထွက် သွားတယ်လို့ ကိုညီညီက ပြောပါတယ်။

သူနဲ့ ရန်ငြှိုး ရန်စ ဘာမှ မရှိပေမဲ့ ပြီးခဲ့တဲ့ နှစ်လ သုံးလလောက်ကလည်း အလားတူ လိုက်လံ နှောင့်ယှက်မှုမျိုး ကြုံခဲ့ရတယ်လို့ ကိုညီညီက ပြောပါတယ်။

တောင်ဒဂုံမှာ ရမ်းကားမှုတွေ အမျိုးမျိုး ဖြစ်ပွားလေ့ရှိပြီး လူတိုင်းလိုလို အန္တရာယ်နဲ့ ကြုံနေရတယ်လို့ လည်း သူက ပြောပါတယ်။

တောင်ဒဂုံမှာက လမ်းဘေးမှာတင် ရိုက်နှက် ရန်ပြုခံရတာ၊ ကားပေါ်က ကန်ချ ခံရတာ စတဲ့ ဖြစ်ရပ်တွေ ရှိနေပြီး ပြဿနာ မဖြစ်ဖူးသူ ဆိုတာ မရှိ သလောက်ပဲလို့ သူက ပြောပါတယ