ကမ္ဘာဘဏ် မြန်မာကို ဒေါ်လာ သန်းတရာ ထုတ်ချေး

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD
ဘဏ်လုပ်ငန်း ကြီးကြပ်မှု အားနည်းနေတာတွေကို ပြုပြင်မယ်
ကမ္ဘာဘဏ်က မြန်မာ အစိုးရကို အမေရိကန် ဒေါ်လာ သန်းတရာ အတိုးမဲ့ နှစ်ရှည်ချေးငွေ ထုတ်ချေးတော့မှာ ဖြစ်ပါတယ်။
ဆိုင်းငံ့ကာလ ၆ နှစ်ပေးထားပြီး သက်တမ်း ၃၈ နှစ် အတွင်း ပြန်ဆပ်ရမှာပါ။
ဒီချေးငွေတွေကို ဘဏ်လုပ်ငန်း ဖွံ့ဖြိုး အားကောင်းလာအောင် ကူညီရာမှာ အသုံးချသွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဒီငွေတွေနဲ့ အစိုးရဘဏ်တွေ ခိုင်မာလာအောင်၊ အသေးစား ငွေချေးလုပ်ငန်းတွေ တိုးတက်လာအောင်နဲ့ မြို့တင်မက ကျေးလက်တွေထိပါ ဘဏ်လုပ်ငန်းတွေ တိုးချဲ့နိုင်ဖို့ ကူညီမယ်လို့ ကမ္ဘာဘဏ် ဆက်သွယ်ရေး ဆိုင်ရာ အရာရှိ ကိုကျော်စိုးလင်းက ပြောပါတယ်။
ဘဏ်လုပ်ငန်း ကြီးကြပ်မှု အားနည်းနေတာတွေကို ပြုပြင်ရင်း ဥပဒေ မူဘောင်ပိုင်းတွေ အားကောင်းလာအောင် ပြုပြင်ပေးသွားမယ်၊ ဒီအတွက် အစိုးရ တာဝန်ရှိသူတွေနဲ့ ကမ္ဘာ့ဘဏ်တို့ တွေ့ဆုံ ညှိနှိုင်းဖို့ ရှိတယ်လို့လည်း ပြောကြားပါတယ်။
လယ်ယာ စိုက်ပျိုးရေး ဘဏ်လို ဘဏ်မျိုးကနေ လယ်သမားတွေ အတွက် ပိုမို အကျိုးရှိတဲ့ ချေးငွေ ထုတ်ချေးမှုတွေ ဆောင်ရွက်နိုင်အောင် အားပေး လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ် ။
အဆင်းရဲဆုံး နိုင်ငံ စာရင်း ကနေ ၆ နှစ်အတွင်း မြန်မာ ပယ်ဖျက်ခံရဖို့ ရှိ
၂ဝ၁၆ ခုနှစ် အတွက် ကုလသမဂ္ဂ အစီရင်ခံစာ မှာ လာမယ့် ၆ နှစ်တာ ကာလ အတွင်း မြန်မာနိုင်ငံဟာ LDC စာရင်း ထဲက နေ လွတ်သွား နိုင်ဖွယ် ရှိလို့ ဖော်ပြထား