ကေအိုင်အေ စခန်းတစ်ခုကို တပ်မတော်သိမ်း

ဓာတ်ပုံ မူပိုင် MOD
Image caption တိုက်ပွဲဖြစ်ခဲ့သော နေရာများ (ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း မြစ်ကြီးနား-ဗန်းမော်ကားလမ်းရဲ့ အရှေ့ဘက် ၇ မိုင်ခန့် အကွာမှာ ရှိတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၅ လက်အောက် တပ်ရင်း ၃ ဌာနချုပ်ရှိရာ လိုင်ဖောင်စခန်းကို ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက သိမ်းပိုက်နိုင်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်က စလို့ တပ်မတော်က လေကြောင်း၊ ခြေလျင်၊ အမြောက်၊ တင့်ကား၊ လက်နက်ကြီးပစ်ကူတို့နဲ့ ဒီစခန်းကို တိုက်ခိုက်ခဲ့ တယ်လို့ဆိုပါတယ်။

ဒီစခန်းကို သိမ်းပိုက်လိုက်နိုင်တဲ့အတွက် ကေအိုင်အေရဲ့ အဓိက ဆက်သွယ်ရေးလမ်းကြောင်း တွေကို ဖြတ်တောက်နိုင်ခဲ့တယ်လို့ လည်း ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၆ ရက်ကလည်း KIA တပ်ရင်း ၂၅၂ ရဲ့ အဓိက စခန်းတစ်ခုဖြစ်တဲ့ ဂီဒုန်စခန်းကို စစ်တပ်က သိမ်းပိုက်ခဲ့ပါတယ်။

ကေအိုင်အေ နည်းပညာအထောက်အကူပြုအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကတော့ အခုလို တိုက်ခိုက်မှုဟာ စစ်တပ်ကပဲ အင်အားသုံးပြီး တစ်နိုင်ငံလုံးကို လွှမ်းမိုးထားတယ်လို့ ယူဆစရာဖြစ်တဲ့အကြောင်း၊ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ ဘယ်ရောက်နေသလဲလို့ မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ပြောပါတယ်။

တိုင်းရင်းသားတွေဘက်ကတော့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် တော်လှန်ရေးလုပ်နေတာ ဖြစ်ပြီး၊ အခုလို စစ်တပ်က ကေအိုင်အေစခန်းတွေ သိမ်းမိသွားခြင်းဟာလည်း တကဲ့ အဖြေမဟုတ်ပဲ နိုင်ငံရေးနည်းအရ ဖြေရှင်းရေးအတွက် ဆက်လက်တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ