စာရေး ဆရာမကြီး ဒေါ်ကြည်အေး ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, Kyi Aye Facebook Page
ဆရာမကြီးဟာ ဘီဘီစီ မြန်မာဌာနမှာလည်း တာဝန် ထမ်းဆောင် ခဲ့ဖူး
စာရေးဆရာမကြီး ဒေါ်ကြည်အေး ဟာ ဒီဇင်ဘာ ၂၈ ရက် ဗုဒ္ဓဟူးနေ့ မနက် ခြောက်နာရီ ကျော်မှာ ကွယ်လွန် သွားခဲ့ပါတယ်။
အမေရိကန် နိုင်ငံ နယူးယောက်မြို့က Mount Sinai ဆေးရုံမှာ သွေးကင်ဆာ ရောဂါ နဲ့ ကွယ်လွန် သွားခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ် ရှိပါပြီ။
ဆရာမကြီးဟာ ဘီဘီစီ မြန်မာဌာနမှာလည်း တာဝန် ထမ်းဆောင် ခဲ့ဖူးပြီး ဒေါ်ဒေါ်လေး အမည်နဲ့ ငွေဗျိုင်းဖြူ ကဏ္ဍ ကို စီစဉ် တင်ဆက် ခဲ့သူ ဖြစ်ပါတယ်။
အသက်အရွယ် ကြီးရင့် လာတဲ့ အထိ ကလောင် ကို ကိုင်စွဲ ကာ မြန်မာ့ စာပေ လောက အတွက် အကျိုးပြုစာတွေ ကို ရေးသားခဲ့သူပါ။
ဆရာမကြီး ဒေါ်ကြည်အေး ကွယ်လွန် ခဲ့တာဟာ မြန်မာ့ စာပေ လောက အတွက် ကြီးမားတဲ့ ဆုံးရှုံး နစ်နာမှု တစ်ခုလည်း ဖြစ်ပါတယ်။

ဆရာကြီးဦးတင်မိုးကို ရန်ကုန်မှာ ဂူသွင်း
ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ကို ပြန်ပို့ကြပါလေ ကို ရေးသားခဲ့သူ ဆရာကြီး ဦးဘဂျမ်းရဲ့ အိမ်ပြန်ခရီး