လူငယ်တွေနဲ့ ဆွေးနွေးတဲ့ နှစ်သစ်ကူး ငြိမ်းချမ်းရေး စကားဝိုင်း

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး
ဓာတ်ပုံ ပုံစာ,

နှစ်သစ်ကူး ငြိမ်းချမ်းရေး စကားဝိုင်း

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရက ရွေးချယ် ဖိတ်ကြား ထားတဲ့ လူငယ် တွေနဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး စကားဝိုင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ အပြန်အလှန် ပြောဆို ဆွေးနွေး ခဲ့ကြပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး အတွက် အပစ်အခတ် ရပ်စဲရေးကို အရင်လုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ အဖွင့် မိန့်ခွန်းထဲ ထပ်လောင်း တိုက်တွန်းခဲ့ပြီး၊ စကားဝိုင်း ဆွေးနွေးပွဲ တွေ ကနေသာ ရေရှည် အဖြေကို ရှာနိုင်မယ်လို့ ဆိုပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ဆို စစ်တပ်ကို အစိုးရ အမိန့် အောက်မှာ ထားဖို့ လိုတယ် ဆိုတဲ့ လူငယ်တစ်ယောက် ရဲ့ ပြောဆိုမှုကို ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ ပြင်ဆင် ရေး ဆိုတဲ့ အချက်နဲ့ တုံ့ပြန် ခဲ့ပြီး၊ လူထုကို မထိခိုက်တဲ့ နည်းနဲ့ ပြောင်းမယ် ဆိုရင် အချိန် ယူရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာ ကချင်၊ ကယားနဲ့ ချင်း ပြည်နယ်တွေက လူငယ် ကိုယ်စားလှယ်တွေ ကိုတော့ မတွေ့ ရပဲ၊ အချိန်မှီ မရောက်နိုင်လို့ မပါ နိုင်တာ ဖြစ်တယ်လို့ ပွဲ စီစဉ်သူ တစ်ယောက် ဖြစ်တဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဆွေးနွေး ခဲ့ရတာတွေ အပေါ် ကျေနပ် အားရမှု ရှိတယ်လို့ တိုင်းရင်းသား လူငယ်တွေက စကားဝိုင်း အပြီး ပြောတယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။