DKBA အဖွဲ့ဝင် အချို့ လက်နက်ချ

စက်တင်ဘာလ ၃၀ ရက်နေ့က ဒီကေဘီအေခွဲထွက် အဖွဲ့ဆီကို ပို့မယ့် လက်နက်ခဲယမ်း တွေထိုင်းမှာ ဖမ်းမိ
ဒီကေဘီအေ ခွဲထွက်အဖွဲ့ရဲ့ ဗိုလ်မှူးကြီး ဆန်းအောင် ရဲ့အုပ်စုအတွင်းမှာစိတ်၀မ်းကွဲပြီး သူ့ရဲ့ စစ်ကြောင်းမှူး နဲ့ နောက်လိုက် တချို့ဟာ ဇန်နဝါရီလ ၁ ရက်နေ့မှာမြ၀တီ ကိုသွားပြီး လက်နက်ချ ခဲ့ကြပါတယ်။
လက်နက်ချသွားတဲ့သူတွေဟာဗိုလ်မှူး ကြီးဆန်းအောင်ရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီး၀င်းဇော်လေး နဲ့နောက်လိုက် ၆ ယောက်ဖြစ်ပြီး သူတို့နဲ့အတူ သေနတ် ၆ လက်နဲ့ ခဲယမ်း တချို့ပါပါတယ်။
စစ်ကြောင်းမှူး ဗိုလ်ကြီး၀င်းဇော်လေး နဲ့ နောက်လိုက်တွေ ဟာ ရှမ်းပြည်နယ် ဘက် ကို မသွားဘဲ အစိုးရ တပ်မတော် ဆီမှာ လက်နက်ချ ခဲ့တာ ဖြစ်တယ်လို့ သူတို့ လက်နက်ချ နိုင်အောင် အကျိုးဆောင် ပေးတဲ့ ဉီးကျော်ကျော်ဝင်း က ပြောပါတယ်။
ဗိုလ်မှူးကြီး စောဆန်းအောင်နဲ့ နောက်လိုက် တချို့ ကချင်ပြည်နယ်ဖက် ကိုရောက်နေတယ်လို့ သတင်း ထွက်နေပေမယ့် သီးခြား အတည်ပြု လို့တော့ မရသေးပါဘူး။
လက်နက်ချပြီးနောက် မှာ ဗိုလ်မှူးကြီးစောချစ်သူရဲ့ကရင်နယ်ခြားစောင့်တပ် BGF မှာ တာ၀န်ထမ်းဆောင်ချင်တယ်လို့ ဗိုလ်ကြီး ၀င်းဇော်လေးက ပြောပါတယ်။
ဒီကေဘီအေ ခွဲထွက်အဖွဲ့ဟာ ဗိုလ်ချုပ်ကျော်သက်၊ ဗိုလ်ချုပ်စောဘိ နဲ့ဗိုလ်မှူးကြီး ဆန်းအောင် တို့ရဲ့ အုပ်စု ၃ စုနဲ့ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပြီးတော့ အဲဒီအထဲက ဗိုလ်မှူးကြီးဆန်းအောင်ရဲ့ အုပ်စု အထဲက အဖွဲ့ဝင် တချို့ ဟာ လက်နက်ချ သွားတာရှိသလို၊ တချို့ဟာ အရပ်သား အသွင်နဲ့ တိမ်းရှောင် နေတာ ရှိတယ်လို့ သိရပါ တယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ထဲမှာလည်း ဒီကေဘီအေ ခွဲထွက်အဖွဲ့က အဖွဲ့၀င် ၆ ယောက်ဟာ သူတို့ ရဲ့ လက်နက် တွေနဲ့ အတူဗိုလ်ချုပ်ထိန်မောင် ရဲ့ KNU / KNLA - PC အဖွဲ့နဲ့ပူးပေါင်းသွားတယ်လို့ သိ ရပါတယ်။