မောင်တောနဲ့ဘူးသီးတောင်က ကျောင်းဆရာမတွေကိုဆရာတွေနဲ့ အစားထိုး

ရခိုင်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

တချို့ရွာတွေမှာ အမျိုးသမီး ဆရာမတွေဟာ ခရီးလမ်း ခက်ခဲမှုနဲ့ လုံခြုံရေးကြောင့် ရောက်မလာနိုင်တဲ့အတွက် ရွာသားတွေ ဝင်သင်နေရတာတွေလည်း ရှိတဲ့အတွက်ကြောင့် အမျိုးသားဆရာတွေကို ခေါ်ယူဖို့ ဌာနဆိုင်ရာက ဆုံးဖြတ်ရတာ ဖြစ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်က ဒေသခံမဟုတ်တဲ့ ကျောင်းဆရာမတွေကို သူတို့ရဲ့ မူရင်း နေရပ်မှာ တာဝန်ပြန်ချပြီး သူတို့ရဲ့ နေရာကို ကျောင်းဆရာတွေနဲ့ ပြန် အစားထိုးမယ်လို့ ရခိုင်ပြည်နယ် ပညာရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ဘီဘီစီကို ပြောပါတ

တချို့ရွာတွေမှာ အမျိုးသမီး ဆရာမတွေဟာ ခရီးလမ်း ခက်ခဲမှုနဲ့ လုံခြုံရေးကြောင့် ရောက်မလာနိုင်တဲ့အတွက် ရွာသားတွေ ဝင်သင်နေရတာတွေလည်း ရှိတဲ့အတွက်ကြောင့် အမျိုးသားဆရာတွေကို ခေါ်ယူဖို့ ဌာနဆိုင်ရာက ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ ဦးအောင်ကျော်ထွန်းက ပြောပါတယ်။

ဒီ အစီအစဉ်မှာ အမျိုးသမီး ဆရာမ ဦးရေ ၂၈၀ ကျော်နေရာမှာ ကျောင်းဆရာ ၅၃၉ ယောက်နဲ့ အစားထိုးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ အစောပိုင်းမှာ မောင်တောမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်က နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက်ခံရပြီး နောက်ပိုင်း လုံခြုံရေး အခြေအနေအရ ဒီဒေသတဝိုက်က စာသင်ကျောင်း အများစု ပိတ်ထားခဲ့ပါတယ်။

ချွင်းချက်အနေနဲ့ မြို့ပေါ်က ကျောင်းတွေနဲ့ လုံခြုံရေးကောင်းတဲ့ နေရာက ကျောင်းတွေကိုပဲ ဖွင့်ထားနိုင်ခဲ့တာ ဖြစ်ပြီး မူဆလင် ကျေးရွာတွေက ကျောင်းတွေကိုလည်း လုံးဝ ပိတ်ထားခဲ့ရပါတယ်။

အခုအချိန်မှာတော့ မူဆလင်ရွာ ၇ ရွာလောက်က လွဲလို့ တခြားရွာတွေမှာ စာသင်ကျောင်းတွေကို ပြန်ဖွင့်ထားပြီလို့ ဦးအောင်ကျော်ထွန်းက ပြောပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်က ကျောင်းဆရာမတွေကို ပြောင်းရွှေ့မယ့် အစီအစဉ်ကို ဆရာမတွေဘက်က ကျေနပ်မှုရှိတယ်လို့ အဲဒီဒေသမှာ တာဝန်ကျနေတဲ့ ဆရာမ တဦးက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ အစွန်အဖျားမှာရှိတဲ့ ဒီမြို့နယ် ၂ခုနဲ့ အနီးတဝိုက်ဒေသမှာ ပညာရေး သင်ကြားမှု အဆင့်အတန်း နိမ့်ကျနေတာကြောင့် အခုလို အမျိုးသား ကျောင်းဆရာတွေ အစားထိုးပြီး ပညာရေး တိုးတက်အောင် အစိုးရပိုင်းက လုပ်ဆောင်နေပေမယ့် ဒေသတွင်း မတည်ငြိမ်မှုတွေ ရှိတဲ့အတွက် ပညာရေး အခြေအနေ တိုးတက်ဖို့ မလွယ်ကူနိုင်သေးဘူးလို့ လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။