၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့။ ရန်ကုန်
ဓာတ်ပုံ ပုံစာ,

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့။ မဟာဗန္ဓုလ ပန်းခြံ။ ရန်ကုန်မြို့

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တွေကို မြန်မာ နိုင်ငံတဝန်း ကျင်းပ ခဲ့ကြပါတယ်။

အစိုးရက နေပြည်တော်မှာ လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပခဲ့ပြီး ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် ပေးအပ်တဲ့ အခမ်းအနားလည်း ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ရေရှည် တည်တံ့ပြီး စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး စတာတွေကို အစိုးရက ကြိုးပမ်း ဆောင်ရွက် နေကြောင်း ဖော်ပြထားပါတယ်။

ရန်ကုန်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ရုံးချုပ်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနား မှာတော့ NLD နာယက ဦးတင်ဦးက လွတ်လပ်ရေးနဲ့ အပြိုင် ပေါ်ပေါက် လာခဲ့တဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်ပြီး အခု ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ် အဖြစ် သတ်မှတ်နိုင်အောင် အားလုံး ဝိုင်းဝန်း ကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ ပါတယ်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို အခြေခံတဲ့ သွေးစည်း ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်တွေကို ထည့်သွင်း ဖော်ပြထားပါတယ်။