အလဲဗင်း စီအီးအိုနဲ့ အယ်ဒီတာချုပ် အာမခံရ

ဒေါက်တာ သန်းထွဋ်အောင်ကို ဆေး အာမခံ
ဇန်နဝါရီ ၆ ရက် ရုံးချိန်းမှာတော့ တာမွေ မြို့နယ် တရားရုံးက တရားသူကြီးက ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲ ခံထားရတဲ့ အလဲဗင်း မီဒီယာဂရု က စီအီးအို ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကို အာမခံ ပေးလိုက်ပါတယ်။
တစ်ယောက်ကို ကျပ်သိန်း ၅၀၀ တန် အာမခံ ပေး ခဲ့တာပါ။
တရားလိုလုပ် တရားစွဲ ထားတဲ့ ရန်ကုန်တိုင်း အစိုးရ ဘက်ကတော့ အမှုကို ကျေအေးမှာ မဟုတ်ပဲ ဥပဒေ ကြောင်း အတိုင်း ဆက်သွားမယ်လို့ တိုင်းအစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှုး ဦးမိုးဟိန်းက မီဒီယာတွေကိုလ ပြောပါတယ်။
အလဲဗင်းက ရေးသားခဲ့တဲ့ သတင်းထဲ ပါဝင်တဲ့ အချက်အလက် တချို့ဟာ မမှန်ကန်ပဲ အစိုးရရဲ့ သိက္ခာ ပျက်ပြား စေတယ် ဆိုတဲ့ စွဲချက်နဲ့ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲ ခံခဲ့ရတာ ဖြစ်ပြီး၊ အလဲဗင်း ဘက်က သတင်းစာမှာ တောင်းပန်စာ ထည့်ခဲ့ပါတယ်။
တောင်းပန်စာ ထည့်ပြီး သီတင်းပတ် ရုံးချိန်းမှာ အာမခံ မရပဲ၊ နောက် တစ်ပတ် ရုံးချိန်းမှာတော့ အခုလို အာမခံ ပေးလာတာ ဖြစ်ပါတယ်။
ဒေါက်တာ သန်းထွဋ်အောင် လျှောက်ထားတာ အကြိမ်ကြိမ် ရှိပြီ ဖြစ်တဲ့ ဆေး အာမခံကို တရားသူကြီးက ခွင့်ပြု ခဲ့သလို၊ အယ်ဒီတာချုပ် ကိုဝေဖ်ြိုးကိုလည်း ရိုးရိုး အာမခံ ပေးခဲ့တယ်လို့ သူတို့ရဲ့ ဥပဒေ အကျိုးဆောင် ဦးကြီးမြင့်က ပြောပါတယ်။
နောက်တစ်ပတ် သောကြာနေ့မှာ အမှုကို ဆက်လက် စစ်ဆေးဖို့ ရုံးချိန်း ထပ်ရှိ နေပါတယ်။