၈၈ မျိုးဆက် အင်အားစုတွေ ပါတီ ထောင်မယ်

Image caption ၈၈ ခုနှစ် အရေးတော်ပုံကြီး ရဲ့ ရည်မှန်းချက်တွေ ပြည့်မီခြင်း မရှိသေး

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင် တချို့ အပါအဝင် ၁၉၈၈ ခုနှစ်တုန်းက ဒီမိုကရေစီရေး တက်ကြွစွာ လှုပ်ရှား ခဲ့ကြတဲ့ ပြည်တွင်း ပြည်ပ ရောက် ၈၈ မျိုးဆက် အင်းအားစုတွေ ကနေ မြန်မာ နိုင်ငံမှာ လူထု နိုင်ငံရေး ပါတီ တရပ် တည်ထောင်ဖို့ ဆွေးနွေး သဘော တူခဲ့ ကြပြီ ဖြစ်ပါတယ်။

ပြည်သူ တစ်ရပ်လုံးကို အကျိုးပြု နိုင်တဲ့ ပါတီ တစ်ခု ထူထောင်ဖို့ ကြိုးပမ်း နေတာ ဖြစ် ကြောင်း ၈၈ မျိုးဆက် ပွင့်လင်း လူ့ အဖွဲ့ အစည်းက ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဦးမြအေးက ပြောပါတယ်။

၈၈ ခုနှစ် အရေးတော်ပုံကြီး ရဲ့ ရည်မှန်းချက်တွေ ပြည့်မီခြင်း မရှိသေးလို့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ မျိုးဆက်တွေ ပေါ်ထွက်ဖို့ လိုအပ် ကြောင်းနဲ့ မျိုးဆက်သစ် တွေ ဆက်သွား နိုင်မယ့် နိုင်ငံရေး လမ်းကြောင်းကို ပုံဖော် ပေးခဲ့ချင် တဲ့ အတွက် ပါတီထောင်ဖို့ စီစဉ်နေတာ ဖြစ်ကြောင်း ဦးမြအေးက ပြောပါတယ်။

မျိုးဆက် အားလုံး ပါဝင်တဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ ၅ ကြိမ်မြောက် လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်းနဲ့ အခု ၂၀၁၇ ခုနှစ်မှာ ပါတီ ပေါ်လာ လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

၈၈ မျိုးဆက် ခေါင်းဆောင်တွေ ထဲမှာ ဦးကိုကိုကြီးက ပါတီ သစ်မှာ ပါဝင်မှာ ဖြစ်ပြီး ဦးမြအေး ကတော့ ပါတီက ချမှတ်မယ့် မူဝါဒ တွေနဲ့ သူ့ဆန္ဒ ကိုက်ညီရင် ပါဝင် မယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ